spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ တရုတ်-မြန်မာ-ရွှေလီ-မူဆယ် နိုင်ငံတကာမာရသွန်ပြိုင်ပွဲ သို့သွားရောက်မည့် မြန်မာအားကစားအဖွဲ့ဝင်များအား လမ်းညွှန်အမှာစကားပြောကြား

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ တရုတ်-မြန်မာ-ရွှေလီ-မူဆယ် နိုင်ငံတကာမာရသွန်ပြိုင်ပွဲ သို့သွားရောက်မည့် မြန်မာအားကစားအဖွဲ့ဝင်များအား လမ်းညွှန်အမှာစကားပြောကြား

 
နေပြည်တော်၊ ဒီဇင်ဘာ(၂၆)ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်သည် ယနေ့နေ့လည်(၁)နာရီအချိန်တွင် ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံ၊ မူဆယ်မြို့တွင် ကျင်းပပြုလုပ်မည့် ၂ဝ၁၇ခုနှစ် တရုတ်-မြန်မာ၊ ရွှေလီ-မူဆယ် နိုင်ငံတကာ မာရသွန် ပြိုင်ပွဲသို့သွားရောက်မည့် ပြေးခုန်ပစ်အားကစားအဖွဲ့ဝင်များအား တွေ့ဆုံလမ်းညွှန်အမှာစကား ပြောကြားသည်။
 
ရှေးဦးစွာ တရုတ်-မြန်မာ၊ ရွှေလီ-မူဆယ် နိုင်ငံတကာမာရသွန်ပြိုင်ပွဲ သို့သွားရောက်မည့် မြန်မာအားကစားအဖွဲ့ဝင်များမှ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်အား တစ်ဦးချင်းစီ မိတ်ဆက်ဂါရဝပြုကြသည်။  
 
ထို့နောက် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်၊ ဒုတိယဥက္ကဌဦးမြသန်းထိုက်မှ ရှင်းလင်းတင်ပြရာတွင် ယခုသွားရောက်ယှဉ်ပြိုင်မည့်ပြိုင်ပွဲဝင်အားကစားသမားများသည် တိုင်းဒေသကြီးနှင့်ပြည်နယ်ပြေးခုန်ပစ်ပြိုင်ပွဲ၊ တပ်မတော်ကြည်း၊ ရေ၊ လေပြိုင်ပွဲများနှင့် အားကစား သိပ္ပံပြိုင်ပွဲများတွင် ထူးချွန်မျိုးဆက်သစ်အားကစားသမားများအား ရွေးချယ်စေလွှတ်ခြင်းဖြစ်ပြီး ပျမ်းမျှအသက်(၂၂)နှစ်အောက်အားကစားသမားများဖြစ်ပြီး ပြေးခုန်ပစ်(မာရသွန်) အားကစားသမား ကောင်းများပေါ်ထွက်လာစေရေးကို ရည်ရွယ်ကြောင်း၊ မြန်မာနိုင်ငံမှဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲအမျိုးအစားများမှာ မာရသွန်(၂၆)မိုင်၊ မီနီမာရသွန်(၁၃)မိုင်နှင့် အားကစားသမား (၁၄)ဦး၊ အုပ်ချုပ်သူ/နည်းပြအပါအဝင်စုစုပေါင်း(၁၉)ဦးပါဝင်မှာဖြစ်ပြီး(၂၇-၁၂-၂ဝ၁၇)နေ့ရက် နေ့လည် (၁)နာရီတွင် နေပြည်တော်မှ ထွက်ခွာမည်ဖြစ်ပါသည်။
 
ယင်းနောက် ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်မှ လမ်းñွှန်အမှာစကားပြောကြားရာတွင် ယခုသွားရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များအနေဖြင့် တရုတ်-မြန်မာချစ်ကြည်ရေးအဖြစ် ပထမဆုံးအကြိမ်ကျင်းပပြုလုပ်သည့် ပြိုင်ပွဲဖြစ်ပြီး မိမိတို့၏ လုံခြုံရေးနှင့်ကျန်းမာရေးကို အထူးဂရုပြုရန်လိုအပ်ကြောင်း၊ ချစ်ကြည်ရေးပွဲဖြစ်သည့်အတွက် ပြိုင်ပွဲဝင်အားကစားသမားများ အနေဖြင့် တစ်စုတစ်စည်းတည်း ပန်းဝင်သည်အထိကြိုးစားယှဉ်ပြိုင်ပြီး မြန်မာ့ဂုဏ်ကို အားကစားဖြင့်ပိုမိုမြ§င့်တင်သွားရန်လိုအပ်ကြောင်း တိုက်တွန်းမှာကြားရင်း အခမ်းအနားကို ရုတ်သိမ်း ခဲ့ကြောင်းသတင်းရရှိသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%80%E1%80%AC%E1%80%9A%E1%80%95%E1%80%8A%E1%80%AC%E1%80%A6%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94-%E1%80%8A%E1%80%BD%E1%80%BE%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AC%E1%80%B8%E1%80%9B%E1%80%B1%E1%80%B8%E1%80%99%E1%80%BE%E1%80%B0%E1%80%B8%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA-%E1%80%A6%E1%80%B8%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9C%E1%80%BE%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%99%E1%80%BE-%E1%80%90%E1%80%9B%E1%80%AF%E1%80%90%E1%80%BA-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC-%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1%E1%80%9C%E1%80%AE-%E1%80%99%E1%80%B0%E1%80%86%E1%80%9A%E1%80%BA