spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ပြည်မြို့နယ်တွင် ကလပ်ပေါင်းစုံ အနောက်တိုင်းလက်ဝှေ့ပြိုင်ပွဲနှင့်ဆုပေးပွဲ ကျင်းပ

ပြည်မြို့နယ်တွင် ကလပ်ပေါင်းစုံ အနောက်တိုင်းလက်ဝှေ့ပြိုင်ပွဲနှင့်ဆုပေးပွဲ ကျင်းပ

 

 

ပြည်  ၂၉   ဇူလိုင်   

 

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၏ မြို့နယ်အားကစား ဖွံဖြိုးတိုးတက်ရေး(TSDP)အစီအစဉ်ဖြင့်ကျင်းပသော မြို့နယ်အား/ကာကော်မတီဥက္ကဌဖလား  ကလပ်ပေါင်းစုံ အနောက်တိုင်းလက်ဝှေ့ Boxing ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ပြည်မြို့ ယဉ်ကျေးမှုကဇာတ်ရုံ၌ ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

 

အဆိုပါ အနောက်တိုင်းလက်ဝှေ့ပြိုင်ပွဲတွင် သက်ငယ်(အထူးပွဲ)၊ သက်ငယ်(၃၅)နှင့် (၄၀)ကီလိုတန်း၊ အမျိုးသမီးသက်ငယ်(၄၀) (၄၂)နှင့် (၄၄)ကီလိုတန်း၊ အမျိုးသား(၄၆)နှင့် (၄၃) ကီလိုတန်း၊ အမျိုးသား (၅၂)နှင့် (၅၆) ကီလိုတန်း စသည်တို့ပါဝင်ပြီး ဝိတ်တန်းများအလိုက် ပြိုင်ပွဲဝင်အားကစားသမားများက စုစုပေါင်း ပွဲစဉ်(၁၃)ပွဲ ယှဉ်ပြိုင်ကစားခဲ့ကြကာ ပြိုင်ပွဲများအလိုက် ဆုရရှိသူများကိုတာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြင့်သည်။

 

အဆိုပါအခမ်းအနားသို့ တိုင်ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်ကျော်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဝါသနာရှင် ပြည်သူများ၊ ဒိုင်အဖွဲ့များ၊ အား/ကာကော်မတီဝင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

မင်းမင်းစိုး(ပြည်)


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%80%E1%80%9C%E1%80%95%E1%80%BA%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%B6-%E1%80%A1%E1%80%94%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%9C%E1%80%80%E1%80%BA%E1%80%9D%E1%80%BE%E1%80%B1%E1%80%B7%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%86%E1%80%AF%E1%80%95%E1%80%B1%E1%80%B8%E1%80%95%E1%80%BD%E1%80%B2-%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95