spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > (၅၃)ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲအတွက် ပဏာမလက်ရွေးစင်အားကစားသမားများ ရွေးချယ်

(၅၃)ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲအတွက် ပဏာမလက်ရွေးစင်အားကစားသမားများ ရွေးချယ်

 
ရန်ကုန် ဇူလိုင် ၂၉
 
(၅၃)ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲအတွက် ပဏာမလက်ရွေးစင် အားကစားသမားရှစ်ဦး ရွေးချယ်ထားကြောင်း မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်မှ သိရသည်။ 
 
''အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲမှာ ထူးချွန်စွာ အောင်မြင်ခဲ့တဲ့ အားကစားသမားတွေရယ်၊ အာရှအရှေ့တောင်အာရှ အားကစားတွေနဲ့ အိုလံပစ်နေ့အထိမ်းအမှတ်ပြိုင်ပွဲမှာ ဆုရရှိတဲ့ ကစားသမားတွေရယ်၊ ကီလိုတန်းအလိုက် ယှဉ်ပြိုင်ကြပါတယ်။ အဲဒီထဲက အလားအလာရှိတဲ့ အားကစားတွေကို ရွေးချယ်ခဲ့ ပါတယ်''ဟု ဒုတိယဥက္ကဋ္ဌ ဦးကျော်သန်းက ပြောသည်။ 
 
အဆိုပါပြိုင်ပွဲတွင် ပဏာမရွေးချယ်ထားသည့် ကာယဗလမောင်များအဖြစ် ထွန်းထွန်းအောင်၊ မောင်မောင်မြင့်၊ ဇော်သိန်းနိုင်၊ အမျိုးသား Sports Physique တွင် မင်းခန့်၊ အမျိုးသား Athletic Physique တွင် သန်းနိုင်၊ အမျိုးသမီး ဂျူနီယာ Fitness Pyhsique တွင် သဲသဲ၊Body Pyhsique တွင် သန္တာဦးနှင့် အေးသန္တာခိုင် တို့အား ရွေးချယ်ထားကြောင်း သိရသည်။ 
 
(၅၃)ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ Inner Mongolia ၌ စက်တင်ဘာ ၁၂ ရက်မှ ၁၈ ရက် အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ 
 
မြန်မာကာယဗလအားကစားသမားများသည် အိန္ဒိယနိုင်ငံတွင်ကျင်းပခဲ့သည့် (၅၂)ကြိမ်မြောက်ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် ကာယဗလမောင် သုံးယောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတစ်ခုရရှိခဲ့ကြောင်း သိရသည်။
 
#Credit:အာကာစိုး

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%85%E1%81%83%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%A1%E1%80%AC%E1%80%9B%E1%80%BE%E1%80%80%E1%80%AC%E1%80%9A%E1%80%97%E1%80%9C%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7-%E1%80%80%E1%80%AC%E1%80%9A%E1%80%80%E1%80%BC%E1%80%B6%E1%80%B7%E1%80%81%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%99%E1%80%BE%E1%80%AF%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%A1%E1%80%90%E1%80%BD%E1%80%80%E1%80%BA