spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၉ခုနှစ်တိုင်းဒေသကြီးနှင့်ပြည်နယ်ဘတ်စကက်ဘောပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

၂၀၁၉ခုနှစ်တိုင်းဒေသကြီးနှင့်ပြည်နယ်ဘတ်စကက်ဘောပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

 
လားရှိုး၊ဇူလိုင်(၃၀)။
 
၂၀၁၉ခုနှစ်တိုင်းဒေသကြီးနှင့်ပြည်နယ်ဘတ်စကက်ဘောပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကိုလားရှိုးမြို့၊ရပ်ကွက်(၁၂)ရှိလေ့ကျင့်ရေးအားကစားရုံ၌ဇူလိုင်(၂၉)ရက်နေ့ကကျင်းပခဲ့သည်။
 
ပြိုင်ပွဲများအပြီးဆုချီးမြှင့်ပွဲအခမ်းအနားအားကျင်းပရာအမျိုးသမီး(3on3)အသင်းလိုက်ပြိုင်ပွဲမှပထမဆုရပဲခူးတိုင်းဒေသကြီးအသင်း၊ဒုတိယဆုရစစ်ကိုင်းတိုင်းဒေသကြီး၊တတိယဆုရမကွေးတိုင်းဒေသကြီး၊အမျိုးသား(3on3)အသင်းလိုက်ပြိုင်ပွဲမှပထမဆုရရှမ်းပြည်နယ်၊ဒုတိယဆုရရန်ကုန်တိုင်းဒေသကြီး၊တတိယဆုရကချင်ပြည်နယ်အသင်းတို့အားတစ်ဦးချင်းဆုနှင့်ဆုကြေးငွေအားလည်းကောင်း၊
 
 
 
အမျိုးသမီး(5on5)အသင်းလိုက်ပြိုင်ပွဲမှပထမဆုရစစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ဒုတိယဆုရရှမ်းပြည်နယ်အသင်း၊ပူးတွဲတတိယဆုရမကွေးတိုင်းဒေသကြီးအသင်းနှင့်ကရင်ပြည်နယ်အသင်းတို့အားလည်းကောင်း၊အမျိုးသား(5on5)အသင်းလိုက်ပြိုင်ပွဲမှပထမဆုရရှမ်းပြည်နယ်အသင်း၊ဒုတိယဆုရမန္တလေးတိုင်းဒေသကြီးအသင်း၊ပူးတွဲတတိယဆုရရန်ကုန်တိုင်းဒေသကြီးနှင့်ကရင်ပြည်နယ်အသင်းတို့အားလည်းကောင်း၊
 
အမျိုးသမီးအထူးချွန်ဆုံးအားကစားသမားဆုအားစစ်ကိုင်းတိုင်းဒေသကြီးမှကျောနံပတ်(၁၆)မအိအိထွန်း၊အမျိုးသားအထူးချွန်ဆုံးအားကစားသမားဆုအားရှမ်းပြည်နယ်အသင်းမှကျောနံပတ်(၁၀) မောင်အောင်မြင့်ကလည်းကောင်း၊အတိုးတက်ဆုံးအမျိုးသား၊အမျိုးသမီးအားကစားအသင်းဆုဖလားအားကရင်ပြည်နယ်အသင်းကလည်းကောင်းအသီးသီးဆုများချီးမြှင့်ခဲ့ကြသည်။
 
 
 
အဆိုပါ ဆုချီမြှင့်ပွဲအခမ်းအနားသို့ရှမ်းပြည်နယ်အစိုးရအဖွဲ့လူမှုရေးဝန်ကြီး၊ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌဒေါက်တာမျိုးထွန်း၊ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးဦးကျော်သူဇော်၊မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် ဒုတိယဥက္ကဌဦးမြင့်သိန်း၊ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊လားရှိုးတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာကျော်ထွန်းနှင့်တွဲဘက်ပြည်နယ်အဆင့်တာဝန်ရှိလူကြီးမင်းများကပြိုင်ပွဲမှဆုရရှိအသင်းများအားအသီးသီးဆုများချီးမြှင့်ခဲ့ကြသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%89%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%E1%80%98%E1%80%90%E1%80%BA%E1%80%85%E1%80%80%E1%80%80%E1%80%BA%E1%80%98%E1%80%B1%E1%80%AC%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%86%E1%80%AF%E1%80%81%E1%80%BB%E1%80%AE%E1%80%B8%E1%80%99%E1%80%BC%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BD%E1%80%B2%E1%80%A1%E1%80%81%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%94%E1%80%AC%E1%80%B8%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95