spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲတွင် အားကစားနည်းအလိုက်ကျင်းပမည့်မြို့များ အတည်ပြု

၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲတွင် အားကစားနည်းအလိုက်ကျင်းပမည့်မြို့များ အတည်ပြု

 

ရန်ကုန် ၃၀ ဇူလိုင်

ဖိလစ်ပိုင် အိုလံပစ်ကော်မတီသည် အကြိမ်(၃၀)မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် အားကစားနည်းအလိုက် ကျင်းပမည့်မြို့များ အတည်ပြု ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။

ယခုနှစ် ဆီးဂိမ်းပြိုင်ပွဲတွင် အားကစားနည်း ၅၆ မျိုး ထည့်သွင်းကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် အားကစားနည်း အများဆုံး ပြိုင်ပွဲဖြစ်လာမည် ဖြစ်သည်။ ပြိုင်ပွဲကို နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၁၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဘောလုံးအပါအဝင် အားကစားနည်းအချို့ကို ဖွင့်ပွဲကျင်းပမည့် ရက်ထက်စော၍ ကျင်းပမည်ဖြစ်သည်။ 

ဖိလစ်ပိုင်အိုလံပစ်ကော်မတီ၏ ထုတ်ပြန်မှုအရ အားကစားပြိုင်ပွဲများကို မနီလာ၊ ဆူဘစ်နှင့် Clark မြို့တို့၌ အဓိကကျင်းပမည်ဖြစ်ပြီး အခြားမြို့များတွင်လည်း ကျင်းပရန် စီစဉ်ထားသည်။

ဖွင့်ပွဲအခမ်းအနားကို မနီလာ၊ ပိတ်ပွဲအခမ်းအနားကို Clark မြို့၌ ကျင်းပမည်ဖြစ်ပြီး အားကစားနည်းများအဖြစ် မနီလာမြို့၌ ကြက်တောင်၊ ဘိုးလင်း၊ ဘက်စကတ်ဘော၊ ESports၊ လက်ဝှေ့၊ ကစ်ဘောင်ဆင်၊ ဘိလိယက်၊ ဘောလုံး၊ ကျွမ်းဘား၊ အလေးမ၊ တိုက်ကွမ်ဒို၊ Soft Tennis၊ တင်းနစ်၊ Squash၊ ရေခဲပြင်ဟော်ကီ၊ ရေခဲပြင်စကိတ်၊  ဝူရှူး၊ ကရာတေးဒို၊ ဓားရေး၊ ဘော်လီဘော၊ ဆူဘစ်မြို့၌ ကနူး/ကယက်၊ ရိုးရာလှေ၊ အပြည်ပြည်ဆိုင်ရာလှေ၊ စစ်တုရင်၊ မွေလက်ဝှေ့၊ ပန်ကြပ်ဆီလတ်၊ စားပွဲတင်တင်းနစ်၊ သုံးမျိုးစုံ၊ Modern Pentathlon၊ Wind Surfing၊ ပိုက်ကျော်ခြင်း၊ သဲသောင်ပြင် ဘော်လီဘော၊ သဲသောင်ပြင် Handball ၊ ကလာ့ခ်မြို့၌ ရေကူး၊ ပြေးခုန်ပစ်၊ ပီတန်း၊ Lawn Bowls ၊ သေနတ်ပစ်၊ မြားပစ်၊ ရပ်ဘီ၊ ဘေ့စ်ဘော၊ Softball၊ Dance Sport၊ ဂေါက်သီး၊ Kurash၊ ဂျူဒို၊ ဂျူဂျစ်ဆု၊ Arnis၊ Sambo၊ နပန်း၊ Wakeboarding နှင့် အခြားမြို့၌ ပိုလို၊ စက်ဘီး၊ ဘောလုံး၊ ရုံတွင်းဟော်ကီ၊ Surfing၊ Underwater Hockey၊ Netball နှင့်  Floorball အားကစားနည်းတို့ ကျင်းပမည်ဖြစ်သည်။ 

မြန်မာနိုင်ငံအနေဖြင့် ယင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အားကစားနည်းများ နောက်ဆုံးအတည်ပြု ရွေးချယ်ရခြင်း မရှိသေးသော်လည်း အားကစားနည်း ၃၀ ဝန်းကျင်ဖြင့် ယှဉ်ပြိုင်မည် ဖြစ်သည်။

၂၀၁၉ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြန်မာအားကစား အဖွဲ့အားသာသည့် အားကစားနည်းအချို့ ပါဝင်လာသလို အချို့အားကစားနည်းများလည်း ပါဝင်လာခြင်းမရှိ၍ ရွှေဆုအပါအဝင် ဆုတံဆိပ်ရယူနိုင်ရန် ပိုမိုကြိုးစားရဖွယ် ရှိနေသည်။ 

မြန်မာအားကစားအဖွဲ့သည် ဆီးဂိမ်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် နေပြည်တော်နှင့် ရန်ကုန်၌ စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။ 

 

သတင်း-ညီမြတ်သော်တာ ၊ ဓာတ်ပုံ-စိုးညွန့်


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%89-%E1%80%86%E1%80%AE%E1%80%B8%E1%80%82%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%8A%E1%80%BA%E1%80%B8%E1%80%A1%E1%80%9C%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%99%E1%80%8A%E1%80%BA%E1%80%B7%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-%E1%80%A1%E1%80%90%E1%80%8A%E1%80%BA%E1%80%95%E1%80%BC%E1%80%AF