spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > MFF ယူ - ၁၃ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဧရာ၀တီနှင့် ရန်ကုန် ဗိုလ်လုပွဲတက်ရောက်

MFF ယူ - ၁၃ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဧရာ၀တီနှင့် ရန်ကုန် ဗိုလ်လုပွဲတက်ရောက်

 
ရန်ကုန် ဇူလိုင် ၃၀
 
၂၀၁၉ MFF ယူ-၁၃ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့ညနေ ပိုင်းက သုဝဏ္ဏမြက်ခင်းတုကွင်း၌ ကျင်းပရာ ဧရာ၀တီနှင့် ရန်ကုန်အသင်းတို့ ဗိုလ်လုပွဲ တက်ရောက်သွားသည်။ 
 
ဆီမီးဖိုင်နယ်တွင် ဧရာ၀တီအသင်းက နေပြည်တော်အသင်းကို တစ်ဂိုး-ဂိုးမရှိ၊ ရန်ကုန်အသင်းက ကချင်အသင်းကို လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဧရာ၀တီအသင်း သည် ပြိုင်ပွဲတစ်လျှောက် ပွဲတိုင်းအနိုင်ရကာ ဗိုလ်လုပွဲတက်ရောက်လာခြင်းဖြစ်ပြီး ပေးဂိုးမရှိသေးသည့် တစ်သင်းတည်းသောအသင်းအဖြစ်လည်း ရပ်တည်လျက်ရှိသည်။ ဆီမီးဖိုင်နယ်တွင်လည်း နေပြည်တော်ကို အနိုင်ယူကာ ဗိုလ်လုပွဲတက်ရောက်လာခြင်း ဖြစ်သည်။ ရန်ကုန်အသင်းမှာလည်း ရှုံးပွဲမရှိဘဲ တက်ရောက်လာသည့်အသင်းဖြစ်ပြီး ဆီမီးဖိုင်နယ်တွင် ကချင်အသင်းကို ဂိုးပြတ်အနိုင်ရလဒ်ဖြင့် ကျော်ဖြတ်ခဲ့ခြင်းဖြစ်သည်။
 
 ဗိုလ်လုပွဲကို ဩဂုတ် ၁ ရက် ညနေ ၄ နာရီတွင် သုဝ္ဏ မြက်ခင်းတုကွင်း၌ ကျင်းပမည်ဖြစ်ပြီး ဧရာ၀တီအသင်းနှင့် ရန်ကုန်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 
 
ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပမည်ဖြစ်ပြီး ပထမ ဆုရအသင်းကို ဆုဖလားနှင့် ငွေကျပ်ကျပ်သိန်း ၃၀၊ ဒုတိယ ဆုရအသင်းကို ဆုကြေးကျပ်ငွေ ကျပ်သိန်း ၂၀၊ ပူးတွဲတတိယဆုရ နှစ်သင်းကို ဆုကြေးကျပ်ငွေကျပ် ၁၀ သိန်းစီ၊ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမားဆုနှင့် သွင်းဂိုးအများဆုံး ဆုရ ကစားသမားတို့ကို ဆုကြေးကျပ်ငွေကျပ် နှစ်သိန်းစီချီးမြှင့်မည်ဖြစ်သည်။ 
 
ရဲရင့်ရှိုင်း

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/mff-%E1%80%9A%E1%80%B0-%E1%81%81%E1%81%83-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%A7%E1%80%9B%E1%80%AC%E1%81%80%E1%80%90%E1%80%AE%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA-%E1%80%9B%E1%80%94%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA-%E1%80%97%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA%E1%80%9C%E1%80%AF%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%80%E1%80%BA%E1%80%9B%E1%80%B1%E1%80%AC%E1%80%80%E1%80%BA