spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ပဲခူးတိုင်းဒေသကြီးဂုဏ်ဆောင် အမျိုးသမီးဘတ်စကတ်ဘောအသင်းအား ဂုဏ်ပြုကြိုဆိုပွဲနှင့် ဆုဖလားအပ်နှင်းပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီးဂုဏ်ဆောင် အမျိုးသမီးဘတ်စကတ်ဘောအသင်းအား ဂုဏ်ပြုကြိုဆိုပွဲနှင့် ဆုဖလားအပ်နှင်းပွဲ ကျင်းပ

 

ပဲခူး ၃၁  ဇူလိုင် 


ပဲခူးတိုင်းဒေသကြီး ဂုဏ်ဆောင်အမျိုးသမီး ဘတ်စကတ်ဘောအသင်းအား ဂုဏ်ပြုကြိုဆိုပွဲနှင့် ဆုဖလား အပ်နှင်းခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။


မြန်မာနိုင်ငံ ဘတ်စကတ်ဘောအဖွဲ့ချုပ်မှ ဦးဆောင်၍ ရှမ်းပြည်နယ် လားရိုးမြို့ လေ့ကျင့်ရေး အားကစားရုံ၌ ကျင်းပပြုလုပ်သည့် (၄၆) ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/ အမျိုးသမီး ဘတ်စကတ်ဘောပြိုင်ပွဲတွင် အမျိုးသမီး (3on3) အသင်းလိုက်ပြိုင်ပွဲတွင် ပထမတံခွန်စိုက် ဆုဖလားရရှိခဲ့သော ပဲခူးတိုင်းဒေသကြီး အမျိုးသမီးအသင်းအား တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဒေါ်ညွန့်ညွန့်ဌေးက ဆုဖလား အပ်နှင်းပေးခဲ့သည်။


ထို့နောက်  ပဲခူးတိုင်းဒေသကြီး ဘတ်စကတ်ဘောအသင်းမှ အသင်းအုပ်ချုပ်သူ ဒေါ်သန်းသန်းဆွေ က ပြိုင်ပွဲအတွေ့အကြုံများကို ရှင်းလင်းပြောကြားပြီး လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး က ဂုဏ်ပြုအမှာစကား ပြောကြားပေးသည်။


မြန်မာနိုင်ငံ ဘတ်စကတ်ဘောအဖွဲ့ချုပ်မှ ဦးဆောင်၍ ရှမ်းပြည်နယ် လားရိုးမြို့ လေ့ကျင့်ရေး အားကစားရုံ၌ ဇူလိုင် (၂၃) ရက်မှ (၂၉) ရက်နေ့အထိ ကျင်းပပြုလုပ်သည့် (၄၆) ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး ဘတ်စကတ်ဘောပြိုင်ပွဲတွင် ပဲခူးတိုင်း ဒေသကြီးမှ အမျိုးသားအသင်းမှ အသင်းလိုက်ပြိုင်ပွဲ၊ အမျိုးသား (5on5နှင့်3on3) ပြိုင်ပွဲများကိုလည်းကောင်း၊ အမျိုးသမီးအသင်းမှလည်း အမျိုးသမီးအသင်းလိုက်၊ အမျိုးသမီး (5on5နှင့် 3on3) ပြိုင်ပွဲများကိုလည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ အမျိုးသမီးအသင်းက အမျိုးသမီး (3on3) အသင်းလိုက်ပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဆုဖလား ရရှိခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
တံခွန်စိုက်ဆုဖလားများအား အမျိုးသမီး (3on3) အသင်းလိုက် ပြိုင်ပွဲပထဆုရရှိသော ပဲခူးတိုင်းဒေသကြီးအသင်း၊ အမျိုးသား (3on3) အသင်းလိုက်ပြိုင်ပွဲမှ ပထမဆုရ ရှမ်းပြည်နယ်အသင်း၊ အမျိုးသမီး (5on5) အသင်းလိုက်ပြိုင်ပွဲမှ စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ အမျိုးသား (5on5) အသင်းလိုက်ပြိုင်ပွဲမှ ပထမဆုရ ရှမ်းပြည်နယ်အသင်းတို့အား တံခွန်စိုက်ဆုဖလားများ ရရှိကြကြောင်းသိရသည်။


ဟိန်းထက်(ပဲခူး)


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%95%E1%80%B2%E1%80%81%E1%80%B0%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%82%E1%80%AF%E1%80%8F%E1%80%BA%E1%80%86%E1%80%B1%E1%80%AC%E1%80%84%E1%80%BA-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8%E1%80%98%E1%80%90%E1%80%BA%E1%80%85%E1%80%80%E1%80%90%E1%80%BA%E1%80%98%E1%80%B1%E1%80%AC%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8-%E1%80%82%E1%80%AF%E1%80%8F%E1%80%BA%E1%80%95%E1%80%BC%E1%80%AF%E1%80%80%E1%80%BC%E1%80%AD%E1%80%AF%E1%80%86%E1%80%AD%E1%80%AF%E1%80%95%E1%80%BD%E1%80%B2%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7