spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) အားကစားနှင့် ပညာရေးပေါင်းစပ်သင်တန်း နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) အားကစားနှင့် ပညာရေးပေါင်းစပ်သင်တန်း နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ

ရန်ကုန်၊ သြဂုတ်လ(၁)ရက်။  

နိုင်ငံတော်ရဲ့အားကစားအဆင့်အတန်းတိုးတက် မြင့်မားရေးဟာ အမျိုးသားရေးတာဝန်ကြီးတစ်ရပ်ဖြစ်သလိုထူးချွန်ထက်မြက်တဲ့ မျိုးဆက်သစ် အားကစား လူငယ်များ ရှာဖွေ ဖော်ထုတ်လေ့ကျင့်ပေးရေး၊ စဉ်ဆက်မပြတ်အားကစားသမားများထွက်ပေါ် လာစေရေး အတွက် အထောက်အကူဖြစ်စေရန် ဆိုတဲ့ရည်ရွယ်ချက်များနှင့်အညီ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကို ၁၉၉၂ခုနှစ်၊ ဇူလိုင်လ(၂၇)ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပြီး၊အားကစားနှင့်ပညာရေး ပေါင်းစပ် သင်တန်းကို၁၉၉၇-ခုနှစ်၊သြဂုတ်လ (၁)ရက်နေ့မှစတင် ဖွင့်လှစ်ခဲ့တာကြောင့် ဒီကနေ့မှာ အားကစား နှင့်ပညာရေး သင်တန်း ကျောင်း ဖွင့်လှစ်ခဲ့တာဟာဆိုရင် အနှစ်(၂၂) ပြည့်မြောက်ခဲ့ပြီး ဖြစ်တဲ့အတွက် ယနေ့နံနက် (၉)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် ကျိုက္ကဆံကွင်းရှိ အားကစားနှင့် ကာယ ပညာသိပ္ပံ(ရန်ကုန်)ပြည်ထောင်စုခန်းမ၌  အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်း ကျောင်းနှစ်ပတ် လည်နေ့အခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကြ ဦးလင်းနိုင်မြင့်၊ တာမွေမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းနှင့် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးသိန်းမြင့်၊ ဒေါပုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် အလုပ်အမှုဆောင်များရွေးချယ် တင်မြောက် ကျင်းပရေးကော်မရှင် အဖွဲ့ဝင်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးမြသန်းထိုက်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အကြံပေးဒေါက်တာ ရဲတင့်လွင်၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)ကျောင်းအုပ်ကြီး ဦးစိုးအောင်၊ ရန်ကုန်တိုင်း ဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ ဥက္ကဌများ၊ ဒုတိယ ကျောင်းအုပ်ကြီးနှင့် အားကစားနှင့်ပညာရေးပေါင်းစပ် အထက်တန်းကျောင်းမှ ဆရာမကြီးနှင့် ဆရာမများ၊ ကျောင်းတာဝန်ခံ အရာရှိ အမှုထမ်းများ၊ ဝန်ထမ်းများ၊ ဖိတ်ကြားထား သူများနှင့် ကျောင်းသား/ ကျောင်းသူ သင်တန်းသားများ တက်ရောက်ကြသည်။

ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက နိုင်ငံတော်ရဲ့အားကစားအဆင့်အတန်းမြင့်မားရေးသည် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်ပြီး အားကစား အောင်မြင်မှုဟာလည်း နိုင်ငံတစ်နိုင်ငံရဲ့ဂုဏ်၊ လူမျိုးတစ်မျိုးရဲ့ သိက္ခာကိုမြှင့်တင်ပေး ရာဖြစ်သော ကြောင့် ထူးချွန်ထက်မြက်တဲ့မျိုးဆက်သစ် အားကစားသမားများရှာဖွေ၊ မွေးထုတ်လေ့ကျင့်ပေးရေး ဆိုတဲ့ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ အားကစားနှင့် ကာယပညာ သိပ္ပံ(ရန်ကုန်)မှ သင်တန်းသားများအနေဖြင့် ''လေ့ကျင့်ရင်း ယှဉ်ပြိုင်၊ ယှဉ်ပြိုင်ရင်း လေ့ကျင့်'' ဆိုသည့် ဆောင်ပုဒ်အတိုင်း ကျောင်းစတင်ဖွင့်လှစ်ချိန်မှစ၍ ပြည်တွင်း အားကစားပြိုင်ပွဲများနှင့် နိုင်ငံတကာ အားကစားပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ  (၂၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲမှစ၍ (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအထိ မြန်မာ့လက်ရွေးစင် အားကစားသမား အမျိုးသား (၂၅၁)ဦး၊ အမျိုးသမီး (၂၄၄)ဦး၊ စုစုပေါင်း (၄၉၅)ဦးတို့က ရွှေတံဆိပ် (၃၈)ခု၊ ငွေတံဆိပ် (၅၈)ခု၊ ကြေးတံဆိပ် (၈၃)ခု၊ စုစုပေါင်း ဆုတံဆိပ် (၁၇၉)ခု ဆွတ်ခူးရရှိခဲဲ့တာကို တွေ့ရှိရပါသည်။

ဒါ့အပြင် သင်တန်းစတင်ဖွင့်လှစ်ခဲ့သည့် ၁၉၉၂ခုနှစ်မှ ယနေ့အထိ ထူးချွန်သည့် မြန်မာ့လက်ရွေးစင် အားကစားသမားအမျိုးသား (၂၉ဝ)ဦး ၊ အမျိုးသမီး (၂၇၆)ဦး၊ စုစုပေါင်း (၅၆၆)ဦး၊ လူငယ်လက်ရွေးစင် အမျိုးသား(၂၈၈)ဦး၊ အမျိုးသမီး (၁၈၅)ဦး၊ စုစုပေါင်း (၄၇၃)ဦး မွေးထုတ်နိုင် ခဲ့ပါကြောင်း၊ အရှေ့တောင်အာရှ ကျောင်းသားအားကစားပွဲတော်ကို နှစ်စဉ်ကျင်းပ ပြုလုပ်သွား မှာဖြစ်ပြီး နောင်နှစ်များမှာလည်း ယခုထက်ပါဝင် ယှဉ်ပြိုင်နိုင်ရန်နှင့် လက်ရွေးစင်ရွေးချယ်ရာတွင်လည်း ပညာရေးဌာနမှ အခြေခံပညာကျောင်းများပါ ပါဝင် လာမှာဖြစ်၍ ပြိုင်ဆိုင်မှု ပြင်းထန် လာမှာဖြစ်ပါကြောင်း၊ ဒါ့ကြောင့်ယခုကတည်းက သင်တန်းသား/သူများအနေဖြင့် ပြင်းပြင်း ထန်ထန် လေ့ကျင့်ထားဖို့ လိုအပ်ပါကြောင်း ပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ဝန်ကြီးဌာန/ဥက္ကဌဖလား၊ တိုင်းဒေသကြီးနှင့်ပြည်နယ်၊ အိုလံပစ်/ အခြားနှင့် ကျောင်းပြိုင်ပွဲများတွင် ရွှေတံဆိပ်၊ ငွေတံဆိပ်နှင့် ကြေးတံဆိပ်ဆုများရရှိခဲ့သော ရေကူး/ဒိုင်ဗင်၊ မြားပစ် တို့အား ဂုဏ်ပြုဆုများကိုပေးအပ်ချီးမြှင့်၍ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်က နိုင်ငံတကာပြိုင်ပွဲ၊ ဝန်ကြီးဌာန/ဥက္ကဌဖလားနှင့် တိုင်းဒေသကြီး နှင့်ပြည်နယ်၊ အိုလံပစ်/ အခြားနှင့် ကျောင်းပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိကြသော ကြက်တောင်၊ ဘတ်စကက်ဘော၊ လက်ဝှေ့တို့အား ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်၍လည်းကောင်း၊ တာမွေမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းက ဝန်ကြီးဌာန/ ဥက္ကဌဖလားနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်၊ အိုလံပစ်/ အခြားနှင့် ကျောင်းပြိုင်ပွဲများ တွင် ဆုရရှိကြသော ကနူး/ကယက်၊ စက်ဘီး၊ ဘောလုံး(အမျိုးသား/အမျိုးသမီး) တို့အား ဂုဏ်ပြုဆု များကို ပေးအပ် ချီးမြှင့်၍လည်းကောင်း၊ မဲဆန္ဒနယ်အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်  ဦးသိန်းမြင့်က ဝန်ကြီးဌာန/ဥက္ကဌဖလားနှင့် အိုလံပစ်/ အခြားနှင့် ကျောင်းပြိုင်ပွဲများ တွင် ဆုရရှိကြ သည့် ဖူဆယ်၊ ကျွမ်းဘား၊ ဂျူဒိုပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်၍လည်းကောင်း၊

ဒေါပုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးသန့်ဇင်က နိုင်ငံတကာပြိုင်ပွဲ၊ ဝန်ကြီးဌာန/ဥက္ကဌဖလားနှင့် တိုင်းဒေသကြီး နှင့်ပြည်နယ်၊ အိုလံပစ်/ အခြားနှင့် ကျောင်းပြိုင်ပွဲများတွင် ကရာတေး၊ အပြည်ပြည်ဆိုင်ရာလှေ၊ ရွက်လှေပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်၍ လည်းကောင်း၊  ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် အလုပ်အမှုဆောင် များ ရွေးချယ်တင်မြောက် ကျင်းပရေးကော်မရှင် အဖွဲ့ဝင်ဥက္ကဌဦးအောင်ဒင် က ဝန်ကြီးဌာန/ ဥက္ကဌဖလားနှင့်တိုင်းဒေသကြီးနှင့်ပြည်နယ်၊အိုလံပစ်/အခြားနှင့် ကျောင်းပြိုင်ပွဲများတွင် ပိုက်ကျော်ခြင်း၊ သေနတ်ပစ်၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်၍ လည်းကောင်း၊  ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြသန်းထိုက် က ဝန်ကြီးဌာန/ဥက္ကဌဖလားနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်၊ အိုလံပစ်/ အခြားနှင့် ကျောင်းပြိုင်ပွဲ များတွင် တိုက်ကွမ်ဒို၊ တင်းနစ်၊ ဘော်လီဘော ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်၍ လည်းကောင်း၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် အလုပ်အမှုဆောင်များ ရွေးချယ် တင်မြောက် ကျင်းပရေးကော်မရှင် အဖွဲ့ဝင် ဦးစိုးဝင်း က တိုင်းဒေသကြီးနှင့်ပြည်နယ်၊ အိုလံပစ်/ အခြားနှင့် ကျောင်းပြိုင်ပွဲများတွင် အလေးမ၊ ဝူရှူး(ထောက်လု/ဆန်းဆို) ပြိုင်ပွဲများတွင် ဆုရရှိသူ များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်၍ လည်းကောင်း၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် အလုပ်အမှုဆောင်များ ရွေးချယ်တင်မြောက် ကျင်းပရေးကော်မရှင် အဖွဲ့ဝင် ဦးစိုးသိန်း က B.Sc Sport ထူးချွန်အားကစားသမားများအား ဆုများပေးအပ်ချီးမြှင့်၍လည်းကောင်း၊  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အကြံပေးဒေါက်တာရဲတင့်လွင် နှင့် မြန်မာနိုင်ငံကမ်ပိုအဖွဲ့ချုပ် နှင့် မြန်မာနိုင်ငံ Fencing  အဖွဲ့ချုပ်ဥက္ကဌ ဦးကျော်မိုးနိုင် က ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူ(၁၅)ဦး၊ ဂုဏ်ထူးရရှိသူ(၁)ဦး နှင့် ဝန်ထမ်းသား/သမီးများထဲမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ(၈)ဦး တို့အား ဆုများပေးအပ်ချီးမြှင့်၍လည်းကောင်း၊ မြန်မာနိုင်ငံဘိုလင်းအဖွဲ့ချုပ်ဥက္ကဌ ဦးမျိုးအောင်နှင့် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်ဥက္ကဌ ဒေါ်ခင်လေးတို့က စစ်ရေးပြပြိုင်ပွဲ တွင် ပထမ၊ဒုတိယ၊တတိယနှင့် နှစ်သိမ့်ဆုရရှိကြသည့်အမျိုးသားအသင်းနှင့်အမျိုးသမီးအသင်း တို့အား ဆုများပေးအပ်ချီးမြှင့်၍ လည်းကောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင် က အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ရှိ ဝန်ထမ်း များအား ဝန်ထမ်းဝတ်စုံများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ဝူရှူး၊ ကရာတေး ၊ တိုက်ကွမ်ဒို၊ ကျွမ်းဘား၊ လက်ဝှေ့၊ B.Sc Sport ကျောင်းသား/ကျောင်းသူများက ကရင်ဒုံးယိမ်းအက၊ ကောက်ရိတ်တေးသီချင်းအက ၊ Fitness Dance အက၊  Fitball အားကစားနည်းများဖြင့်  သရုပ်ပြသခဲ့ကြောင်း သတင်းရရှိသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%80%E1%80%AC%E1%80%9A%E1%80%95%E1%80%8A%E1%80%AC%E1%80%A6%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94-0