spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး) ကျောင်းများ၏ အားကစားပြိုင်ပွဲ ဒုတိယနေ့ဆက်လက်ကျင်းပ

၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး) ကျောင်းများ၏ အားကစားပြိုင်ပွဲ ဒုတိယနေ့ဆက်လက်ကျင်းပ

 
နေပြည်တော်၊ ဒီဇင်ဘာလ(၂၈)ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ မြန်မာ့အားကစား အစဉ်အမြဲ တိုးတက်စေရေးနှင့် မျိုးဆက်သစ် အားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရန် ရည်ရွယ်ဖွင့်လှစ် ထားသော အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊တောင်ကြီး) ကျောင်းများ၏ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် အားကစားပြိုင်ပွဲများအား ယနေ့နံနက် (၆း၃ဝ) အချိန်တွင် စတင်ကျင်းပရာ ဝဏ္ဏသိဒ္ဓိပြေးခုန်ပစ်ကွင်း၌ ကျင်းပသော ပြေးခုန်ပစ်ပြိုင်ပွဲများအား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး အမျိုးသမီး မီတာ (၅ဝဝဝ)လမ်းလျှောက်ပြိုင်ပွဲတွင် ယခင်စံချိန် (၂၈မိနစ)(ဝဝ.ဝ၆)စက္ကန့်ကို ယခုနှစ် ဇင်ထက်မေ အား/ကာသိပ္ပံ(တောင်ကြီး)မှ (၂၆)မိနစ် (၁၈.၉၈) စက္ကန့်ဖြင့် စံချိန်သစ်တင်ခဲ့ပြီး အမျိုးသားမီတာ(၅ဝဝဝ) လမ်းလျှောက် ပြိုင်ပွဲတွင် ယခင်စံချိန် (၂၃)မိနစ်(၅၆.၂၉)စက္ကန့်ကို ယခုနှစ် မိုင်းညီညီမိုး အား/ကာသိပ္ပံ (တောင်ကြီး)မှ (၂၂)မိနစ်(၄၃.၅၈)စက္ကန့်ဖြင့်စံချိန်သစ်တင်ခဲ့သည်။ဆက်လက်၍ တန်းမြင့်ခုန်(ကျား/မ)ပြိုင်ပွဲ၊ မီတာ(၄ဝဝ)တန်းကျော်ပြေး(ကျား/မ)ပြိုင်ပွဲ၊ သံပြားဝိုင်းပစ်(ကျား/မ)ပြိုင်ပွဲ၊ မီတာ(၂ဝဝ) (ကျား/မ)ပြိုင်ပွဲ၊ အလျားခုန်(ကျား/မ)ပြိုင်ပွဲ၊ မီတာ(၁၅ဝဝ)(ကျား/မ)ပြိုင်ပွဲများကို ကျင်းပ ပြုလုပ်ခဲ့သည်။
 
 
ဆက်လက်၍ ဝဏ္ဏသိဒ္ဓိစက်ဘီးလေ့ကျင့်ရေးကွင်းတွင် ကျင်းပလျက်ရှိသော အမျိုးသမီးမီတာ (၅ဝဝ) တစ်ဦးချင်းစံချိန်ပြုပြိုင်ပွဲတွင် ယခင်စံချိန်(၄၁.၇၇)စက္ကန့်ကို ယခုနှစ် ကျော့ကေခိုင်အား/ကာသိပ္ပံ (မန္တလေး)မှ (၄၁.၇၄)ဖြင့်လည်းကောင်း၊ အမျိုးသမီးအသင်းလိုက် (၂၁)ကီလိုမီတာစံချိန်ပြုပြိုင်ပွဲတွင် ယခင်စံချိန်(၃၄)မိနစ် (၂၈.၉၄)စက္ကန့်ကို အား/ကာသိပ္ပံ (မန္တလေး)မှ(၃၂)မိနစ် (၄၉.၆၉)စက္ကန့်ဖြင့်လည်းကောင်း၊ အမျိုးသားအသင်းလိုက် (၃ဝ)ကီလိုမီတာစံချိန်ပြုပြိုင်ပွဲတွင် ယခင်စံချိန်(၄၁)မိနစ်(ဝ၁.၁၁)စက္ကန့်ကို အား/ကာ(ရန်ကုန်) မှ(၄ဝ)မိနစ် (၂၅.၅ဝ)စက္ကန့်ဖြင့်လည်းကောင်း၊ အမျိုးသမီး(၃)ကီလိုမီတာစံချိန်ပြုပြိုင်ပွဲတွင် ယခင်စံချိန်(၄)မိနစ် (၄ဝ.ဝဝ)စက္ကန့်ကို ကျော့ကေခိုင် အား/ကာသိပ္ပံ(မန္တလေး) (၄)မိနစ်(၃၃.၇၁)စက္ကန့်၊ ဝေဝေထွန်းအား/ကာ(ရန်ကုန်) (၄)မိနစ် (၃၆.၁၂)စက္ကန့်၊ စုလင်းလဲ့အား/ကာ(ရန်ကုန်)မှ (၄)မိနစ် (၃၉.၅၁)စက္ကန့်ဖြင့်လည်းကောင်း၊ အမျိုးသမီး(၉)ကီလိုမီတာအသင်းလိုက်စံချိန်ပြုပြိုင်ပွဲတွင် ယခင်စံချိန်(၁၄)မိနစ် (၁၈.၁၁)စက္ကန့် ကိုအား/ကာသိပ္ပံ(မန္တလေး)မှ (၁၃)မိနစ် (၄၆.၄၃)စက္ကန့်ဖြင့်လည်းကောင်း၊ အမျိုးသား(၁၅) ကီလိုမီတာပြိုင်ပွဲတွင် ယခင်စံချိန် (၂ဝ)မိနစ် (ဝ၉.၂၈)စက္ကန့်ကို ယခုနှစ် (၁၉)မိနစ် (၄ဝ.၂ဝ) စက္ကန့်ဖြင့်လည်းကောင်း အသီးသီးစံချိန်သစ်တင်နိုင်ခဲ့သည်။
 
 
ဆက်လက်၍  ညွှန်ကြားရေးမှူးချုပ်သည် နံနက်(၁ဝ)နာရီအချိန်တွင် လယ်ဝေးအားကစားလေ့ကျင့်ရေးစခန်း TC-2  ၌ကျင်းပလျက်ရှိသော အလေးမပြိုင်ပွဲ ဗိုလ်လုပွဲ စဉ်များအား ကြည့်ရှုအားပေးခဲ့သည်။
 
ဆက်လက်၍ TC-1  လေ့ကျင့်ရေးရုံ၌ အမျိုးသမီးဘောလီဘောပြိုင်ပွဲတွင် အား/ကာသိပ္ပံ(မန္တလေး)အသင်းနှင့် အား/ကာသိပ္ပံ(မော်လမြိုင်)အသင်း၊ အား/ကာသိပ္ပံ (ရန်ကုန်)နှင့် အား/ကာသိပ္ပံ(တောင်ကြီး)၊ အမျိုးသားဘော်လီလောပြိုင်ပွဲတွင် အား/ကာသိပ္ပံ (မန္တလေး)အသင်းနှင့် အား/ကာသိပ္ပံ(မော်လမြိုင်)အသင်း၊ အား/ကာသိပ္ပံ (ရန်ကုန်)အသင်းနှင့် အား/ကာသိပ္ပံ(တောင်ကြီး)အသင်းတို့ အသီးသီး ယှဉ်ပြိုင်ခဲ့သည်။
 
 
ဆက်လက်၍ Cluster (3)  လေ့ကျင့်ရေးရုံ၌ စားပွဲတင်တင်းနစ်ပြိုင်ပွဲကိုလည်းကောင်း၊ TC-1  လေ့ကျင့်ရေးရုံ၌ တိုက်ကွမ်ဒိုပြိုင်ပွဲကို လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိရေကူးကန်၌ ရေကူးပြိုင်ပွဲကိုလည်းကောင်း၊ TC-1  လေ့ကျင့်ရေးရုံ၌ ပိုက်ကျော်ခြင်းပြိုင်ပွဲကိုလည်းကောင်း၊ TC-1 လက်ဝှေ့ပြိုင်ပွဲရုံ၌ လက်ဝှေ့ပြိုင်ပွဲများကို အသီးသီး ကျင်းပပြုလုပ်ခဲ့ပါသည်။ 
 
ယင်းနောက် ပြေးခုန်ပစ်ပြိုင်ပွဲ၊ စက်ဘီးပြိုင်ပွဲ၊ တိုက်ကွမ်ဒိုပြိုင်ပွဲ၊ ရေကူးပြိုင်ပွဲ၊ အလေးမပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူများမှ အသီးသီးဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%87-%E1%81%82%E1%80%9D%E1%81%81%E1%81%88-%E1%80%95%E1%80%8A%E1%80%AC%E1%80%9E%E1%80%84%E1%80%BA%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%80%E1%80%AC%E1%80%9A%E1%80%95%E1%80%8A%E1%80%AC%E1%80%9E%E1%80%AD%E1%80%95%E1%80%B9%E1%80%95%E1%80%B6-%E1%80%9B%E1%80%94%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%81%8A-%E1%80%99%E1%80%94%E1%80%B9%E1%80%90%E1%80%9C%E1%80%B1%E1%80%B8%E1%81%8A-%E1%80%99%E1%80%B1%E1%80%AC%E1%80%BA%E1%80%9C%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%81%8A-%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8-0