spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ "Coordination Meeting For Exercise Medicine in Prison" ညှိနှိုင်းအစည်းအဝေးကျင်းပ

ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ "Coordination Meeting For Exercise Medicine in Prison" ညှိနှိုင်းအစည်းအဝေးကျင်းပ

 
 
နေပြည်တော်၊သြဂုတ်(၁)ရက်။ 
 
ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ "Coordination Meeting For Exercise Medicine in Prison" ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ (၂)နာရီအချိန်တွင်ရုံးအမှတ် (၄)အစည်းအေ၀းခန်းမ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်း၀န် ဒေါက်သာထွန်းကျော်၊ ကုသရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးစိုးဦးနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာ၀န်ရှိသူများတက်ရောက်ကြပါသည်။
 
ရှေးဦးစွာ ဒုတိယ၀န်ကြီးမှ အမှာစကားပြောကြားရာတွင် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန သည် တစ်နိုင်ငံလုံးရှိ ပြည်သူများ ကျန်းမာကြံ့ခိုင်ရေးရည်မှန်းချက်ထား ဆောင်ရွက်နေပါကြောင်းနှင့် ယခု လည်း နိုင်ငံတစ်ဝှမ်းရှိ အကြောင်းအမျိုးမျိုးကြောင့် အကျဉ်းကျနေသူများ အကျဉ်းထောင်အတွင်း ကျန်းမာ ကြံ့ခိုင်စွာ ဘ၀ကိုဖြတ်သန်းနိုင်ရေးအတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ အကျဉ်း ဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်မှာဖြစ်ပါကြောင်း၊ နိုင်ငံတကာရှိ အကျဉ်းသားများသည် ဥပဒေပြဌာန်းရာတွင် အကျဉ်းသားများ ကျန်းမာရေးစောင့်ရှောက်ပေးရန် ထည့် သွင်းရေးဆွဲတာတွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့နိုင်ငံတစ်၀ှမ်းရှိ အကျဉ်းသားများ ကိုယ်ကျန်းမာစိတ် ကျန်းမာ ကြံ့ခိုင်ကောင်းမွန်အောင် ပြုစုပျိုးထောင်ပေးရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ခန္ဓာကိုယ် ကြံ့ခိုင်ရေးအတွက်ဘာတွေပြုလုပ်သင့်သည် စိတ်ကျန်းမာရေးတွင် ဘာတွေပြုလုပ်သင့်သည်ကို ယခု အစည်းအဝေးတက်ရောက်လာသူများ ဝိုင်း၀န်းပူးပေါင်းဆွေးနွေးအကြံပြုပေးရန် လိုအပ်ကြောင်း ပြော ကြားပါသည်။
 
 
 
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးဌေးအောင်မှ တစ်မျိုးသား လုံးကျန်းမာကြံ့ခိုင်ရေးတွင် Exercise is Medicine ဆွေးနွေးပွဲကျင်းပပြီး ထွက်ရှိလာသော ရလဒ်အဖြစ် "ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး" ဆောင်ပုဒ်အညီ နိုင်ငံတော်အကြီးအကဲ၏ ခွင့်ပြုလမ်း ညွှန်ချက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သင်တန်းများ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နေ ပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းသားများ ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ရေးတွင် မိမိတို့ ဦးစီးဌာနအနေနှင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း Physical Fitness Dance အစီအစဉ်များကို အကျဉ်းဦးစီးဌာနရှိ၀န်ထမ်းများကို သင်တန်းပို့ချပေးပြီး ၀န်ထမ်းများမှ အကျဉ်းသားများအား ပြန်လည် ကျန်းမာရေးလေ့ကျင့်ခန်းများ ပြုလုပ်ရန် စီစဉ်ပေးနိုင်ပါကြောင်း ပြောကြားပါသည်။
 
အကျဉ်းဦးစီးဌာနမှ တာ၀န်ရှိသူတစ်ဦးမှ နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်များမှ အကျဉ်းသားများ လက်ရှိအကျဉ်းဦးစီးဌာနအနေနှင့် အကျဉ်းသားများ ရည်မှန်းချက်ကို ပြုစုပျိုးထောင်ပေးရေး လုပ်ငန်းအစီ အစဉ်များကို ရှင်းလင်းပြောကြားပါသည်။
 
ဆက်လက်၍ ကုသရေးဦးစီးဌာန ကုတင် (၁၀၀၀) နေပြည်တော်ဆေးရုံကြီးမှ ပါမောက္ခ ီမ. တင့် တင့်ကြည်မှ ပြည်သူများကျန်းမာစွာ အသက်ရှင်နေထိုင်နိုင်ရေး၊ ကုသရေးထက် ကာကွယ်ရေးက ပိုမို ကောင်းမွန်ပြီး ကာကွယ်ရေးလုပ်ငန်းများတွင် ကိုယ်လက်လှုပ်ရှားပြုခြင်းသည် ပို၍ကောင်းမွန်ပါကြောင်း နှင့် လေ့ကျင့်ခန်းပြုလုပ်ရာတွင် အသက်အရွယ်လိုက်သော်လည်းကောင်း၊ ရောဂါလိုက်သော်လည်းကောင်း၊ ပြုလုပ်ရမည့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းအစီအစဉ်များကို ရှင်းလင်းပြောကြားပါသည်။
 
ဆက်လက်၍ အမြဲတမ်းအတွင်း၀န် ဒေါက်တာသာထွန်းကျော်မှ အကြံပြုစကားပြောကြားရာတွင် အားကစားနှင့်ကာယပညာဦးစီးဌာနအနေနှင့် အကျဉ်းသားများ ကျန်းမာရေးစောင့်ရှောက်မှုတွင် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများတွင်ရရှိသည့်နေရာ၊ ရရှိသည့်အချိန်တွင်   နေရာကျဉ်းကျဉ်းပြုလုပ် နိုင်ရန် လေ့ကျင့်ခန်းအစီအစဉ်များအားလည်းကောင်း၊ အထောက်အကူပြုအားကစားပစ္စည်းများအား လည်းကောင်း၊ ထောက်ပံ့ပေးနိုင်ရန်နှင့် အကျဉ်းသားများ အကျဉ်းထောင်အတွင်း ဘ၀ကိုကျန်းမာကြံ့ ခိုင်စွာ ဖြတ်သန်းနိုင် ရေးအတွက် ကျန်းမာရေးဗဟုသုတများဟောပြောပေးခြင်းများ ပြုလုပ်နိုင်ရေး ဘာ သာရေးဖြင့် အကျဉ်းသားများ၏စိတ်ကို ကြံ့ခိုင်ကောင်းမွန်စောင့်ရှောက်ပေးနိုင်ရေးတို့အတွက် ပူးပေါင်း ဆောင်ရွက်သင့်ပါကြောင်း၊ အကျဉ်းဦးစီးဌာနအနေနှင့် အကျဉ်းသားများ လိုအပ်သည့် အားကစား အထောက်အကူပြု ပစ္စည်းများကို လုံခြုံရေးရှုထောက်ဖြင့် စနစ်တကျ စီစစ်ရွေးချယ်ပြီး တင်ပြတောင်းခံ သင့်ပါကြောင်း အကြံပြုဆွေးနွေးပါသည်။
 
 
 
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ပေးအပ်နိုင်ရေး အားကစားသင်တန်းများ အားကစားအထောက်အ ကူပြုပစ္စည်းများကို ရှင်းလင်းပြောကြားပြီး အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးကျော်စိုးမှ အကျဉ်းဦးစီးဌာ နရှိ အကျဉ်းသားများနှင့် ပတ်သက်၍ နေ့စဉ်လှုပ်ရှားမှုလုံခြုံရေးကိစ္စရပ်များနှင့် လုပ်ဆောင်ရန် သင့်တော် သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား အကြံပြုဆွေးနွေးပါသည်။
 
ဆက်လက်၍ ဒုတိယ၀န်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် နိုင်ငံအတွင်းရှိ အကျဉ်း သားများ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် လုံခြုံရေးအရ အထူးဂရုပြုဆောင်ရွက်မည့် လုပ်ငန်းဖြစ် ပါကြောင်း၊သီးခြားအကျဉ်းသားများကျန်းမာရေးစောင့်ရှောက်မှုခေါင်းစဉ်ဖြင့် ှနာငညမေ ဆွေးနွေးပွဲတစ်ခု ကျင်းပသင့်ပါကြောင်း၊ နိုင်ငံတကာမှ လုပ်ထုံးလုပ်နည်းများ လေ့လာအကြံပြုဆွေးနွေးသင့်ပါကြောင်း၊ အစည်းအေ၀းမှ ရရှိလာသော ရလဒ်အရ စီမံချက်ရေးဆွဲအကောင်အထည်ဖော်သင့်ပါကြောင်း၊ လုပ်ငန်း အောင်မြင်ရေးတွင် တက်ရောက်လာကြသူများသည် ဦးစီးဌာနအားလုံးမှ အတူတကွ ဝိုင်း၀န်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%9E%E1%80%B0%E1%80%B7%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%A6%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%81%8A-%E1%80%80%E1%80%AF%E1%80%9E%E1%80%9B%E1%80%B1%E1%80%B8%E1%80%A6%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%81%8A-%E1%80%A1%E1%80%80%E1%80%BB%E1%80%89%E1%80%BA%E1%80%B8%E1%80%A6%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7