မန္တလေး ဩဂုတ် ၁
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံစက်ဘီးစီးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ Myanmar Free Rider (MFR) မှ ကြီးမှူး၍ ဒုတိယအကြိမ် တောင်သုံးလုံးဖိတ်ခေါ် စက်ဘီးစီးပြိုင်ပွဲနှင့် တောင်အဆင်းလမ်းကြမ်းပြိုင်ပွဲကို ဩဂုတ် ၃ ရက်တွင် ကျင်းပသွား မည်ဖြစ်ကြောင်း MFR မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါပြိုင်ပွဲကို ဩဂုတ် ၃ ရက် နံနက် ၆ နာရီတွင် ၂၆လမ်း မ္တလေးမြို့တော် ခန်းမရှေ့မှ စတင်ထွက်ခွာပြီး ၂၆ လမ်းမှ လမ်း(၈၀)၊ လမ်း(၈၀)မှ (၁၂)လမ်း၊ ၁၂လမ်း မှ မ္တလေးတောင်တက်လမ်း၊ မန္တလေးတောင်တက်လမ်းမှ မ္တလေးတောင်အဆင်းလမ်း၊ ထိုမှတစ်ဆင့်-မတ္တရာအထွက်လမ်း-သံလမ်းအကျော်မှ အရှေ့ဘက်သို့ ကွေ့ကာ- လယ်တောလမ်း၊ ထို့မှတစ်ဆင့် YHBC 3 လမ်းဟောင်း-ရန်ကင်းတောင်အထွက်လမ်း- ရန်ကင်းတောင်အဆင်းလမ်း၊ ထို့မှတစ်ဆင့် (မန္တလေး-ပြင်ဦးလွင်)လမ်းသစ်မုခ်ဦး- ရေတံခွန်တောင်သို့သွားသည့် တောလမ်းတစ်လျှောက်-ရေတံခွန်တောင်တက်လမ်း အတိုင်း ထူးမဘုန်းကြီးကျောင်းတွင် ပန်းဝင်မည်ဖြစ်ပြီး တောင်အဆင်းလမ်းကြမ်း ပြိုင်ပွဲမှာ ရေတံခွန်တောင်ဘေးရှိ နေကာတောင်ထိပ်မှ တောင်ခြေအဆုံးတွင် ပန်းဝင် မည်ဖြစ်သည်။
ပြိုင်ပွဲကို မ္တလေးတောင်၊ရန်ကင်းတောင်၊ ရေတံခွန်တောင်တို့ကို ဖြတ်ကျော်၍ စက်ဘီးစီးနင်းကာ တောင်တက်ပြိုင်ပွဲ၊ တောင်ဆင်းလမ်းကြမ်းပြိုင်ပွဲနှင့် ကွင်းပတ်လမ်း ပြိုင်ပွဲ ကစားနည်းများအပါအဝင် ခရီးအကွာအဝေး ၂၃ မိုင်ရှိကြောင်း သိရသည်။
ပြိုင်ပွဲဝင်ကြေးအနေဖြင့် ငွေကျပ်ကျပ် ၅၀၀၀ နှင့် အာမခံကြေး ငွေကျပ် ၅၀၀၀ ပေးသွင်းရမည်ဖြစ်ကာ ပြိုင်ပွဲဝင်လျှောက်လွှာများကို ဩဂုတ် ၂ ရက်အထိ လက်ခံ သွားမည်ဖြစ်ကြောင်း သိရသည်။ ဆုကြေးများအနေဖြင့် အမြင့်ဆုံးဆုကြေး ငွေကျပ်ကျပ် ခုနစ်သိန်းဖြစ်ပြီး အဆင့်(၁၀)အထိ ဆုတံဆိပ်နှင့် အဆင့်(၅)အထိ ဆုကြေး+ဆုတံဆိပ် များ ချီးမြှင့်မည်ဖြစ်ကာ ပန်းဝင်သူအားလုံးကိုFinisher ဆွဲပြားများ ချီးမြှင့်ဂုဏ်ပြုမည် ဖြစ်သည်။ ပထမအကြိမ် တောင်သုံးလုံးဖိတ်ခေါ်စက်ဘီးစီးပြိုင်ပွဲနှင့် တောင်အဆင်း လမ်းကြမ်းပြိုင်ပွဲကို ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၄ ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)