spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မြောင်းမြခရိုင် အုပ်ချုပ်ရေးမှူးဖလား အမျိုးသားဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲများ စတင်ယှဉ်ပြိုင်

မြောင်းမြခရိုင် အုပ်ချုပ်ရေးမှူးဖလား အမျိုးသားဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲများ စတင်ယှဉ်ပြိုင်

 

 

မြောင်းမြ  ၂  သြဂုတ်  


မြောင်းမြခရိုင် အုပ်ချုပ်ရေးမှူးဖလား အသက် (၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ရှုံးထွက်ပွဲများ ယှဉ်ပြိုင်အပြီးတွင် ယနေ့ သြဂုတ် ၁ ရက်နေ့၌ အကြိုဗိုလ်လုပွဲအဖြစ် မြောင်းမြမြို့နယ် လက်ရွေးစင်ဘောလုံးအသင်းနှင့် MM Tiger FC ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကြရာ အချိန်ပို ကစားပြီးနောက် (၅.၂ ) ဂိုးဖြင့် မြောင်းမြလူငယ် လက်ရွေးစင်ဘောလုံးအသင်းက အနိုင်ရရှိသည်။


သြဂုတ် ၂ ရက်နေ့ အကြိုဗိုလ်လုပွဲအတွက် အိမ်မဲမြို့နယ်လက်ရွေးစင် ဘောလုံးအသင်းနှင့် အောင်ထွန်းမိုး FC ဘောလုံးအသင်း ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး  အနိုင်ရအသင်းနှင့် မြောင်းမြလက်ရွေးစင် ဘောလုံးအသင်းတို့ သြဂုတ်လ ၅ ရက်နေ့ ဗိုလ်လုပွဲ၌ တွေ့ဆုံယှဉ်ပြိုင်ကြမည်ဖြစ်ကာ ဆုကြေးအဖြစ် ပထမ ကျပ် (၇)သိန်း ၊ ဒုတိယ ကျပ်(၅)သိန်း ၊ တတိယ ကျပ် (၃)သိန်း ၊ အကောင်းဆုံး ကစားသမားအတွက် တစ်ဦးချင်းဆုငွေ ကျပ် (၄)သောင်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။


အောင်မင်း (မြောင်းမြ)


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%81%E1%80%9B%E1%80%AD%E1%80%AF%E1%80%84%E1%80%BA-%E1%80%A1%E1%80%AF%E1%80%95%E1%80%BA%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8%E1%80%99%E1%80%BE%E1%80%B0%E1%80%B8%E1%80%96%E1%80%9C%E1%80%AC%E1%80%B8-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%A1%E1%80%80%E1%80%BC%E1%80%AD%E1%80%AF%E1%80%97%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA%E1%80%9C%E1%80%AF%E1%80%95%E1%80%BD%E1%80%B2%E1%80%99%E1%80%BB%E1%80%AC%E1%80%B8