spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ခရစ်ကက် အားကစားနည်းပညာပေးဟောပြောခြင်းနှင့် အခြေခံကစားနည်းသင်တန်းဖွင့်

ခရစ်ကက် အားကစားနည်းပညာပေးဟောပြောခြင်းနှင့် အခြေခံကစားနည်းသင်တန်းဖွင့်

 

ပုဗ္ဗသီရိ ၂ သြဂုတ် 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်မှ ကျောင်းသားလူငယ်များအတွင်း ခရစ်ကက်အားကစားနည်းအား သိရှိနားလည်ပြီး ကိုယ်တိုင်လေ့လာကစားခြင်းဖြင့် ခရစ်ကက်အားကစားနည်း ပိုမိုတွင်ကျယ်လာစေရန်ရည်ရွယ်၍ ခရစ်ကက် အားကစားနည်း ပညာပေးဟောပြောခြင်းနှင့် အခြေခံကစားနည်းသင်တန်းဖွင့်လှစ်ခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီက နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်မှ ခရစ်ကက်နည်းပြချုပ်မိုက်ကယ်ကျော်မင်းက ခရစ်ကက် ကစားပုံ ကစားနည်းများ၊ စည်းမျဉ်း စည်းကမ်းများနှင့် အသင်းလိုက် စုပေါင်းပါဝင် ကစားနည်းများကို ပညာပေးဟောပြောခဲ့သည်။ ထို့နောက် ခရစ်ကက် အားကစားပစ္စည်းများ လှူဒါန်းပေးအပ်ရာ အမှတ်(၁၃)အခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာမကြီးဒေါ်လှမြင့်က လက်ခံရယူခဲ့သည်။

 

 

အဆိုပါ ခရစ်ကက်အခြေခံကစားနည်းသင်တန်းကို အမှတ်(၁၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ၄၀၊ ကျောင်းသူ ၄၀ စုစုပေါင်း ၈၀ ဦးတက်ရောက်သင်ကြားသွားမည် ဖြစ်ပြီး သင်တန်းကာလမှာ သြဂုတ် ၃ ရက်မှ ၈ ရက်အထိ ခရစ်ကက် ကစားပုံကစားနည်းများကို လက်တွေ့ကျကျသင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်(ပြန်/ဆက်)မှ သိရသည်။

 

#MDN


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%81%E1%80%9B%E1%80%85%E1%80%BA%E1%80%80%E1%80%80%E1%80%BA-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%8A%E1%80%BA%E1%80%B8%E1%80%95%E1%80%8A%E1%80%AC%E1%80%95%E1%80%B1%E1%80%B8%E1%80%9F%E1%80%B1%E1%80%AC%E1%80%95%E1%80%BC%E1%80%B1%E1%80%AC%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7-%E1%80%A1%E1%80%81%E1%80%BC%E1%80%B1%E1%80%81%E1%80%B6%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%8A%E1%80%BA%E1%80%B8%E1%80%9E%E1%80%84%E1%80%BA%E1%80%90%E1%80%94%E1%80%BA%E1%80%B8%E1%80%96%E1%80%BD%E1%80%84%E1%80%BA%E1%80%B7