spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ကလောမြို့နယ်၌ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ

ကလောမြို့နယ်၌ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ

 

 

ကလော ၃ သြဂုတ်   


ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့ရာ ပြိုင်ပွဲဝင် (၂၇) သင်း ဝင်ရောက်ယှဉ်ပြိုင်ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မင်းက အမှာစကား ပြောကြားခဲ့ပြီး တက်ရောက်လာသူများနှင့် အားကစားသမားက နိုင်ငံတော်အလံ အလေးပြုကြကာ အားကစားသမားများက သစ္စာအဓိဋ္ဌာန်ရွတ်ဆိုခဲ့သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များက ပြိုင်ပွဲဝင်အသင်း (၂၇) သင်းအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ အားပေးစကားပြောကြားခဲ့သည်။ ဆက်လက်၍ ကလောမြို့ အမှတ်(၁)နှင့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက Fitness Dance နှင့် ပန်းပွားအကဖြင့် ဖျော်ဖြေခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက ကွင်းထဲသို့ ဘောလုံးကန်၍ ပြိုင်ပွဲအားစတင်ခဲ့သည်။ ပြိုင်ပွဲအပြီးတွင် ရပ်ကွက် (၃)အသင်းမှ ရေယောင်းမအသင်းကို ခုနစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ပွဲစဉ်များကို တစ်ရက်လျှင် နှစ်ပွဲနှုန်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


ကျော်ဝင်း(ပြန်/ဆက်)


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%80%E1%80%9C%E1%80%B1%E1%80%AC%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA%E1%81%8C-%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA%E1%80%A1%E1%80%AF%E1%80%95%E1%80%BA%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8%E1%80%99%E1%80%BE%E1%80%B0%E1%80%B8%E1%80%96%E1%80%9C%E1%80%AC%E1%80%B8-%E1%80%9B%E1%80%95%E1%80%BA%E1%80%80%E1%80%BD%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%B1%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%B6-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2