ရန်ကုန် ၄ သြဂုတ်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) အားကစားနှင့် ပညာရေး ပေါင်းစပ်သင်တန်းနှစ်ပတ်လည်နေ့ အခမ်းအနားကို သြဂုတ်၂ ရက် နံနက်က ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ပြည်ထောင်စုခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက အမှာစကားပြောကြားသည်။ ဆက်လက်၍ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ကျန်းမာရေးနှင့်အားကစာဝန်ကြီးဌာန ဒုတိယ အမြဲတန်းအတွင်းဝန် ဦးမြသန်းထိုက်၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် အလုပ်အမှုဆောင် ရွေးချယ်တင်မြှောက်ကျင်းပရေးကော်မရှင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအားကစားအဖွဲချုပ်မှ ဥက္ကဋ္ဌများက ဝန်ကြီးဌာန/ဥက္ကဋ္ဌဖလားနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အိုလံပစ်နေ့နှင့် ကျောင်းပြိုင်ပွဲများတွင် အားကစားနည်းအလိုက် ဆုရရှိကြသည့် အားကစားသမားများအား ဂုဏ်ပြုဆုချီးမြင့်ကြပြီး အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးစိုးအောင်က ဝန်ထမ်းများအား ဝတ်စုံများ ပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါအားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကို၁၉၉၂ခုနှစ် ဇူလိုင်၂၇ရက်က ဖွင့်လှစ်ခဲ့ပြီး အားကစာနှင့်ပညာရေးပေါင်းစပ်သင်တန်းကို ၁၉၉၇ ခုနှစ် သြဂုတ်လတွင် စတင်ဖွင့်လှစ်ခဲ့၍ ယနေ့အထိ မြန်မာ့လက်ရွေးစင်အားကစားသမား အမျိုးသား ၂၉၀၊ အမျိုးသမီး ၂၇၆ ဦးနှင့် လူငယ်လက်ရွေးစင်အမျိုးသား ၂၈၈ ဦး၊ အမျိုးသမီး ၁၈၅ ဦး မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ-အေကေလင်း