spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > တက္ကသိုလ်ဒီဂရီကောလိပ်ပေါင်းစုံ ဂျူဒိုပြိုင်ပွဲကျင်းပ

တက္ကသိုလ်ဒီဂရီကောလိပ်ပေါင်းစုံ ဂျူဒိုပြိုင်ပွဲကျင်းပ

 

ရန်ကုန် ၆ သြဂုတ်

မြန်မာနိုင်ငံတက္ကသိုလ်ပေါင်းစုံဂျူ ဒိုဆပ်ကော်မတီမှကြီးမှူးကျင်းပသည့် တက္ကသိုလ်ဒီဂရီကောလိပ်ပေါင်းစုံဂျူ ဒိုပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ အောင်ဆန်းအားကစားပြိုင်ဝင်း မိုးလုံလေလုံအားကစားရုံ၌ကျင်းပသည်။

အဆိုပါပြိုင်ပွဲသို့ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်းနှင့် ဒုတိယဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံတက္ကသိုလ်ပေါင်းစုံ ဂျူဒိုဆပ်ကော်မတီမှ တာဝန်ရှိသူများ၊ တက္ကသိုလ်အသီးသီးမှ ဖိတ်ကြားထားသူများက အမျိုးသားအမျိုးသမီး ကီလိုတန်းလိုက် ပထမနေ့ပြိုင်ပွဲများကို ကြည့်ရှုအားပေးကြသည်။

“ကျွန်တော်တို့ ဂျူဒိုအသင်းအဖွဲ့တွေ ပြန်ပေါ်လာရေးနဲ့  ဂျူဒိုပြန့်ပွားရေးအတွက် ကျင်းပတဲ့ ပထမဆုံးပြိုင်ပွဲဖြစ်ပါတယ်။ ဒါ့ကြောင့် ကစားသမားအချင်းချင်းချစ်ကြည်ရင်းနှီးမှု ရရှိအောင်လည်း ရည်ရွယ်ကျင်းပတဲ့ပြိုင်ပွဲလည်းဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ကလပ်A .B ခွဲထားပါတယ်။ ကလပ် A မှာ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်မှာ ကျင်းပတဲ့ပြိုင်ပွဲတွေမှာ ဆုရဘူးတဲ့ကစားသမားများက ကလပ် A ဖြစ်ပါတယ်။ လူသစ်တန်းကစားသမားများက ကလပ် B ဆိုပြီး ဝိတ်တန်းအမျိုးမျိုးနဲ့ ခွဲပြီးကျင်းပတာဖြစ်ပါတယ်” ဟု ဆေးတက္ကသိုလ်(၂) ရန်ကုန်မှကိုသီဟကပြောသည်။ ယင်းပြိုင်ပွဲတွင် ဆေးတက္ကသိုလ်(၂)၊ မြန်မာနိုင်ငံရေကြောင်းတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(သန်လျင်)၊ ဒဂုံတက္ကသိုလ်၊ အရှေ့ပိုင်းတက္ကသိုလ်၊ အနောက်ပိုင်းတက္ကသိုလ်၊ ဘားအံတက္ကသိုလ်၊ မော်လမြိုင်တက္ကသိုလ်တို့မှ အမျိုးသားအမျိုးသမီး အားကစားသမား ၁၃၀ခန့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲကို သြဂုတ် ၆ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံ-အာကာစိုး 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%90%E1%80%80%E1%80%B9%E1%80%80%E1%80%9E%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA%E1%80%92%E1%80%AE%E1%80%82%E1%80%9B%E1%80%AE%E1%80%80%E1%80%B1%E1%80%AC%E1%80%9C%E1%80%AD%E1%80%95%E1%80%BA%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%B6-%E1%80%82%E1%80%BB%E1%80%B0%E1%80%92%E1%80%AD%E1%80%AF%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95