spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > လှိုင်သာယာမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်းစုံ မိုးရာသီဖိတ်ခေါ် ဘောလုံး ပြိုင်ပွဲကျင်းပ

လှိုင်သာယာမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်းစုံ မိုးရာသီဖိတ်ခေါ် ဘောလုံး ပြိုင်ပွဲကျင်းပ

 
 
လှိုင်သာယာ ဩဂုတ် ၅
 
ကျောင်းသားလူငယ်များ အားကစားစိတ်ဓါတ်များ ပြန့်ပွားစေရန် ရည်ရွယ်လျက် မြို့နယ် အတွင်း အခြေခံပညာကျောင်းပေါင်းစုံ မိုးရာသီဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို လှိုင်သာယာ နဝဒေးဥယျာဉ်အိမ်ရာ ဘောလုံးကွင်းတွင် ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
 
အခမ်းအနားတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးအေးဗိုနှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြတ်ခိုင်ကိုတို့က ကျောင်းသားလူငယ်များ အတွင်း အားကစား စိတ်ဓါတ်များ ကိန်းအောင်းပြီး အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ထူးချွန်အားကစားမောင်မယ်များ ပေါ်ထွန်းလာပြီး မြို့နယ်/တိုင်း/ နိုင်ငံ့ဂုဏ်ဆောင် အထိ အဆင့်ဆင့် တက်လှမ်းကြိုးစားနိုင်ပြီး အားကစားကြောင့် မိမိတို့၏ ဘဝများ မြင့်မား နိုင်ကြောင်း အသီးသီးအမှာစကား ပြောကြားခဲ့သည်။
 
လှိုင်သာယာမြို့နယ် ကျောင်းပေါင်းစုံ မိုးရာသီဖတ်ခေါ်ဘောလုံးပြိုင်ပွဲတွင် မြို့နယ် အတွင်း အခြေခံပညာကျောင်းများမှ အသက် ၁၄ နှစ်အောက် ဘောလုံးအသင်း ၂၅ သင်း နှင့် အသက် ၁၀ နှစ်အောက် ၁၅ သင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဆုများအား ထိုက်ထန်စွာ ပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း၊ အဆိုပါမိုးရာသီ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲအား မြို့နယ်အားကစားနှင့် ကာယပညာ ကော်မတီမှ ကြီးမှူး ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
 
မြို့နယ်ပြန်/ဆက်

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%9C%E1%80%BE%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9E%E1%80%AC%E1%80%9A%E1%80%AC%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%A1%E1%80%81%E1%80%BC%E1%80%B1%E1%80%81%E1%80%B6%E1%80%95%E1%80%8A%E1%80%AC%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%B6-%E1%80%99%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%AC%E1%80%9E%E1%80%AE%E1%80%96%E1%80%AD%E1%80%90%E1%80%BA%E1%80%81%E1%80%B1%E1%80%AB%E1%80%BA-%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8-%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95