spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အာဆီယံ ယူ - ၁၈ ပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာအသင်းထွက်ခွာ

အာဆီယံ ယူ - ၁၈ ပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာအသင်းထွက်ခွာ

 
ရန်ကုန် ဩဂုတ် ၄
 
ဩဂုတ် ၆ ရက်မှ ၁၉ ရက်အထိ ဗီယက်နမ် နိုင်ငံ ဟိုချီမင်းမြို့၌ ကျင်းပမည့် ၂၀၁၉ အာဆီယံ ယူ-၁၈ ပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာ ယူ-၁၈ အသင်းသည် ယနေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့မှ ထွက်ခွာ သွားသည်။
 
ပြိုင်ပွဲဝင်မည့် မြန်မာ ယူ- ၁၈အသင်း တွင် အုပ်ချုပ်သူအဖြစ် ဦးရဲဝင်းအောင်၊ နည်းပြချုပ်အဖြစ် ဦးစိုးမြတ်မင်း၊ လက်ထောက်နည်းပြများအဖြစ်-ဦးမင်း မင်းထွန်း၊ ဦးအောင်လတ်သူ၊ ဂိုးနည်းပြ အဖြစ် ဦးစိန်အေး၊ ကစားသမားများ အဖြစ် ဂိုး- နေလင်းထက်၊ ပြည့်ဖြိုးသူ၊ စောထက်၊ နောက်တန်း- သက်ဟိန်းစိုး၊ ဉာဏ်လင်းထက်၊ စည်သူမိုးခန့်၊ ရှင်းသန့် အောင်၊ ဝေယံစိုး၊ စောထော်နေမူး၊ ကောင်းခန့်ကျော် (၁)၊ အလယ်တန်း-ရဲမင်းကျော်၊ နောင်နောင်စိုး၊ ဇော်ဝင်း သိန်း၊ အောင်ကိုဦး၊ ရန်ကျော်စိုး၊ ပြည့်ဖြိုး အောင်၊ ခွန်ကျော်ဇင်ဟိန်း၊ မိုးဆွေ၊ ဟိန်းထက်အောင်၊ ရှေ့တန်း- လမင်းထွေး၊ ညီညီ၊ စောကျော်အဲနှင့် ဩဘာခတို့ ပါဝင်ကြသည်။ မြန်မာ ယူ- ၁၈ အသင်း သည် ယင်းပြိုင်ပွဲအတွက် နောက်ဆုံး ပြင်ဆင်သည့်အနေဖြင့် ဇူလိုင် ၁၆ ရက်မှ ၂၅ ရက်အထိ ဂျပန်နိုင်ငံ အိုဆာကာမြို့၌ သွားရောက်လေ့ကျင့်ခဲ့ပြီး ခြေစမ်းပွဲသုံးပွဲ ကစားခဲ့ရာ တစ်ပွဲနိုင်၊ နှစ်ပွဲရှုံးနိမ့်ခဲ့သည်။ ဂျပန်ခရီးစဉ်သို့ ခေါ်ဆောင်သွားသည့် ကစားသမား ၂၅ ဦးအနက် မျိုးကိုကိုလင်း၊ ကောင်းဇင်မိုး၊ ရဲထက်အောင်တို့ ချန်လှပ် ခံခဲ့ရပြီး ၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင် မည့် မြန်မာ ယူ-၂၂ အသင်း ပဏာမ လူစာရင်းတွင် ရွေးချယ်ခံထားရသည့် ဟိန်းထက်အောင်ကို အားဖြည့်ရွေးချယ် ခဲ့သည်။
 
၂၀၁၉ အာဆီယံ ယူ- ၁၈ ပြိုင်ပွဲကို ဩဂုတ် ၆ ရက်မှ ၁၉ ရက်အထိ ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု (က) တွင် အင်ဒိုနီးရှား၊ လာအို၊ တီမော၊ ဖိလစ်ပိုင်၊ ဘရူနိုင်းတို့နှင့် ကျရောက်နေသည်။ မြန်မာအသင်းသည် အုပ်စုပွဲများအဖြစ် ဩဂုတ် ၆ ရက်တွင် လာအိုအသင်း၊ ဩဂုတ် ၈ ရက်တွင် ဖိလစ်ပိုင်အသင်း၊ ဩဂုတ် ၁၀ ရက်တွင် တီမောအသင်း၊ ဩဂုတ် ၁၂ ရက်တွင် ဘရူနိုင်းအသင်း၊ ဩဂုတ် ၁၄ ရက်တွင် အင်ဒိုနီးရှား အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
 
ညီမြတ်သော်တာ

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%AC%E1%80%86%E1%80%AE%E1%80%9A%E1%80%B6-%E1%80%9A%E1%80%B0-%E1%81%81%E1%81%88-%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%9A%E1%80%BE%E1%80%89%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9B%E1%80%94%E1%80%BA-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8%E1%80%91%E1%80%BD%E1%80%80%E1%80%BA%E1%80%81%E1%80%BD%E1%80%AC