spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > စစ်ကိုင်းမြို့ပေါ်ကျောင်းများသို့ (HITO) ကရာတေးအဖွဲ့မှ အခြေခံကရာတေးပညာ ကရာတေးပြကွက်များပြသ

စစ်ကိုင်းမြို့ပေါ်ကျောင်းများသို့ (HITO) ကရာတေးအဖွဲ့မှ အခြေခံကရာတေးပညာ ကရာတေးပြကွက်များပြသ

 

စစ်ကိုင်း ၆ သြဂုတ်

မြန်မာနိုင်ငံ ကရာတေးအဖွဲ့ချုပ် (MKF) နှင့် japan Karate Association(JKA) အသိအမှတ်ပြု HITO SHOTOKAN KARATE CLUB. Demonstration. တိုပူးပေါင်း၍ အခြေခံပညာအထက်တန်းကျောင်းများသို့ ကရာတေးသရုပ်ပြပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သြဂုတ် ၆ ရက် နံနက် ၉ နာရီက စစ်ကိုင်းမြို့ ရန်နိုင်ရပ် အခြေခံပညာ  အထက်တန်းကျောင်း(ခွဲ) ကျောင်းဝင်းအတွင်း ကွင်းပြင်တွင် တစ်ဦးချင်းနှင့် အဖွဲ့လိုက် ကရာတေးသရုပ်ပြမှုများ လုပ်ဆောင်ကြကြောင်း သိရပြီး သရုပ်ပြရာတွင် တိုက်ကီရှိုခန်ခေါ် ခုခံခြင်းနှင့် တိုက်ခိုက်ခြင်းပြကွက်များ အဖွဲ့လိုက်ပြသခြင်း၊ HiTo ကရာတေးကလပ်မှ ၁၀ နှစ်အောက် သင်တန်းသားလေးများ၏ ဂျီးဝန် karate ကပြခြင်းနှင့် သက်ငယ်မုဒိမ်းနှင့် အကြမ်းဖက်မှုများကို ခုခံကာကွယ်ခြင်းအား သရုပ်ပြသခြင်း စသဖြင့် အခြေခံကရာတေးပညာများကို ပြသခဲ့ကြသည်။

HITO ကရာတေးအဖွဲ့မှ ဆရာဦးထိန်လင်းက နောက်ရက်များတွင် တက္ကသိုလ်ကျောင်းများသို့ ဆက်လက်ပြသသွားရန် အစီအစဉ်ရှိကြောင်း၊ ကျောင်းသူ ကျောင်းသားလေးများ အနေနှင့် အကြမ်းဖက်မှုကာကွယ်ရန် အခြေခံကရာတေးပညာ တတ်ထားသင့်ကြောင်း၊ ယခုလိုပြသခြင်းဖြင့် ကလေးများအနေဖြင့် ကရာတေးပညာကို စိတ်ပါဝင်စားလာနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ခိုင်ဇေယျ(075)
 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%85%E1%80%85%E1%80%BA%E1%80%80%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%95%E1%80%B1%E1%80%AB%E1%80%BA%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%9E%E1%80%AD%E1%80%AF%E1%80%B7-hito-%E1%80%80%E1%80%9B%E1%80%AC%E1%80%90%E1%80%B1%E1%80%B8%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7%E1%80%99%E1%80%BE-%E1%80%A1%E1%80%81%E1%80%BC%E1%80%B1%E1%80%81%E1%80%B6%E1%80%80%E1%80%9B%E1%80%AC%E1%80%90%E1%80%B1%E1%80%B8%E1%80%95%E1%80%8A%E1%80%AC-%E1%80%80%E1%80%9B%E1%80%AC%E1%80%90%E1%80%B1%E1%80%B8%E1%80%95%E1%80%BC%E1%80%80%E1%80%BD%E1%80%80%E1%80%BA%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%9E