spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မင်းလှမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၄)နှစ် အောက် ဘောလုံး ပြိုင်ပွဲကျင်းပ

မင်းလှမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၄)နှစ် အောက် ဘောလုံး ပြိုင်ပွဲကျင်းပ

 
 
မင်းလှ ဩဂုတ် ၆
 
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသော အသက်(၁၄) နှစ်အောက် အမျိုးသားမိုးရာသီဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို မြို့နယ်အောင်တံခွန် ဘောလုံးကွင်း၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
 
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးညွန့်က ဘောလုံးပြိုင်ပွဲ ကျင်းပရေး ရည်ရွယ်ချက်ချက်နှင့် အားကစားကဏ္ဍ တိုးတက်ရေး၊ ကျန်မာကြံ့ခိုင်ရေးလုပ်ငန်းများတွင် အားကစား စိတ်ဓာတ်များဖြင့် ယှဉ်ပြိုင်ရေး၊ မိမိကျောင်းနှင့် မြို့နယ် နိုင်ငံရဲ့ဂုဏ်များ တိုးတက်အောင် လုပ်ဆောင်ကြရန်၊ ကျောင်းသားလူငယ်များ ဘောလုံးအားကစားကြောင့် မိမိတို့၏ ဘဝများ မြင့်မား နိုင်ကြောင်း အမှာစကား ပြောကြားခဲ့သည်။
 
ယင်းနောက်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် အသင်းအားကစား သမားများက အားကစား သစ္စာဓိဋ္ဌာန် (၄)ချက်ရွတ်ဆိုပြီး တတ်ရောက်လာသူများအား လေးပြုကာ အလားတူ အ.ထ.က မင်းလှ ဘင်ခရာအဖွဲကလည်း သီဆိုတီးခတ်ဂုဏ်ပြု ချီးမြှင့်ခဲ့သည်။ ယနေ့တွင် သရက်တပင်ဇုံ နှင့် ရွေလောင်းဇုံအသင်းတို့ စတင်ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။
 
မင်းလှမြို့နယ် ကျောင်းပေါင်းစုံ မိုးရာသီဘောလုံးပြိုင်ပွဲတွင် အခြေခံပညာကျောင်းများမှ အသက် ၁၄ နှစ်အောက် အမျိုးသားဘောလုံးအသင်း ၈ သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုများအား ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် ကျောင်းသားလူငယ်များ အားကစား စိတ်ဓါတ်များ ပြန့်ပွားစေရန် ရည်ရွယ်လျက် ဘောလုံးပြိုင်ပွဲကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
 
ပေါက်စ (မင်းလှ)

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%9C%E1%80%BE%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%A1%E1%80%81%E1%80%BC%E1%80%B1%E1%80%81%E1%80%B6%E1%80%95%E1%80%8A%E1%80%AC%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%B6-%E1%80%A1%E1%80%9E%E1%80%80%E1%80%BA%E1%81%81%E1%81%84%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%A1%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8-%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95