ရန်ကုန် ဩဂုတ် ၆
တရုတ်ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ၂၀၁၉ တရုတ်-အာဆီယံ ယူ-၁၂ ဖိတ်ခေါ်ပြိုင်ပွဲ Soong Ching Ling Cup 2019 ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲကို ယနေ့ နံနက်ပိုင်းနှင့် ညနေပိုင်းက တရုတ်နိုင်ငံ၌ ကျင်းပရာ မြန်မာ ယူ-၁၂ အသင်းသည် စတုတ္ထနေရာဖြင့်သာ ကျေနပ်ခဲ့ရသည်။
မြန်မာ ယူ-၁၂ အသင်းသည် ဆီမီးဖိုင်နယ်တွင် အိမ်ရှင် တရုတ်အသင်း နှင့် တွေ့ဆုံရာ နှစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး ညနေပိုင်းတွင် တတိယနေရာလုပွဲ ထပ်မံကစားရခြင်းဖြစ်သည်။ တတိယနေရာလုပွဲတွင် မြန်မာအသင်းသည် မလေးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ငါးဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော ကြောင့် တတိယနေရာနှင့် လွဲချော်ခဲ့ခြင်းဖြစ်သည်။
ရဲရင့်ရှိုင်း