spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အာရှကလပ်ဖူဆယ်ပြိုင်ပွဲ ယနေ့ စတင်ကျင်းပ

အာရှကလပ်ဖူဆယ်ပြိုင်ပွဲ ယနေ့ စတင်ကျင်းပ

 
နေပြည်တော် ဩဂုတ် ၇
 
မြန်မာကလပ် VUC အသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၁၉ အာရှကလပ် ဖူဆယ်ပြိုင်ပွဲကို ယနေ့တွင် ထိုင်းနိုင်ငံ၌ စတင်ကျင်းပခဲ့သည်။ ပြိုင်ပွဲကို ယနေ့စတင်ကျင်းပသော်လည်း VUC အသင်းသည် အုပ်စုအဖွင့်ပွဲကို ဩဂုတ် ၈ ရက်မှ ကစားရမည်ဖြစ်သည်။
 
၂၀၁၉ အာရှကလပ် ဖူဆယ်ပြိုင်ပွဲကို ဩဂုတ် ၇ ရက်မှ ၁၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီးVUCအသင်းသည် အုပ်စု (ဂ) တွင် လက်ဘနွန်ကလပ် ဘေရွတ်အသင်း၊ အင်ဒိုနီးရှားကလပ် ဗာမို့စ်အသင်း၊ တာဂျစ်ကစ္စတန်ကလပ် ဆိုရိုအသင်းတို့နှင့် ကျရောက်နေသည်။VUCအသင်းသည် အုပ်စုပွဲများအဖြစ် ဩဂုတ် ၈ ရက်တွင် လက်ဘနွန် ကလပ် ဘေရွတ်အသင်း၊ ဩဂုတ် ၁၀ ရက်တွင် အင်ဒိုနီးရှားကလပ် ဗာမို့စ်အသင်း၊ ဩဂုတ် ၁၂ ရက်တွင် တာဂျစ် ကစ္စတန်ကလပ် ဆိုရိုအသင်းတို့နှင့် ကစားရမည်ဖြစ်သည်။
 
ရှိုင်းထက်ဇော်

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%AC%E1%80%9B%E1%80%BE%E1%80%80%E1%80%9C%E1%80%95%E1%80%BA%E1%80%96%E1%80%B0%E1%80%86%E1%80%9A%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%9A%E1%80%94%E1%80%B1%E1%80%B7-%E1%80%85%E1%80%90%E1%80%84%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95