spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အလုံမြို့နယ် ကျောင်းပေါင်းစုံ U-14 ဘောလုံးပြိုင်ပွဲ ကျင်းပ

အလုံမြို့နယ် ကျောင်းပေါင်းစုံ U-14 ဘောလုံးပြိုင်ပွဲ ကျင်းပ

 
 
ရန်ကုန် ဩဂုတ်လ ၁၃
 
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အားကစားနှင့် ကာယပညာကော်မတီ (မြို့နယ်ဘောလုံးအဖွဲ့ချုပ်) နှင့် ပညာရေးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ကျောင်းပေါင်းစုံ U-14 ဘောလုံးပြိုင်ပွဲကို ဩဂုတ်လ ယမန်နေ့ နေ့လယ် ၁ နာရီ ခွဲအချိန်က အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ အလုံလမ်းရှိ မြက်ခင်းတု ဘောလုံးကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
 
ပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းလက်ရွေးစင်အသင်း(၄) သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းမှ ပထမဆု၊ အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းမှ ဒုတိယရရှိခဲ့ပြီး ဆုရရှိသူများအား မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသိန်းမြင့်၊ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဦးမင်းခန့်၊ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းအုပ် ဆရာမကြီး ဒေါ်မြမြကြည်တို့က ဆုများ အသီးသီးချီးမြှင့်ခဲ့ပြီး အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာများ၊ အားကစား ဝါသနာရှင်များ တက်ရောက် အားပေး ခဲ့ကြောင်း သိရသည်။
 
အလုံ (ပြန်/ဆက်)

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%9C%E1%80%AF%E1%80%B6%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA-%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%B6-u-14-%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95