spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အသက် ၁၆ နှစ်အောက် လူငယ်များပါဝင်ယှဉ်ပြိုင်မည့် လေးနိုင်ငံ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကျင်းပမည်

အသက် ၁၆ နှစ်အောက် လူငယ်များပါဝင်ယှဉ်ပြိုင်မည့် လေးနိုင်ငံ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကျင်းပမည်

 

မန္တလေး ၁၃ သြဂုတ် 

မြန်မာ၊ ကိုရီးယား၊ အင်ဒိုနီးရှားနှင့် မွန်တီနီဂရိုးနိုင်ငံတို့မှ အသက် ၁၆ နှစ်အောက် လူငယ်များပါဝင်ယှဉ်ပြိုင်မည့် လေးနိုင်ငံ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ U-16 Boys Elite Football Tournament 2019 –Mandalay ကို မန္တလေးမြို့မှာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လေးနိုင်ငံ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို ဩဂုတ် ၁၄ ရက်မှ ၁၈ ရက်အထိ မန္တလေးမြို့၊ မန္တလာသီရိဘောလုံးကွင်းတွင် ကျင်းပမည်ဖြစ်သည်။ 
"ကျတော်တို့အတွက်က ပြင်ဆင်ချိန်အရမ်းနည်းတယ်။ ကလေးတွေက အရမ်းနည်းတယ်။ ဒါပေမယ့် ဘက်ပေါင်းစုံကနေ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားပါတယ်''ဟု မြန်မာအသင်းနည်းပြ ဦးမင်းသူက ပြောသည်။ 
အသက်(၁၆)နှစ်အောက် လူငယ်လက်ရွေးစင် ဘောလုံးပြိုင်ပွဲကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)၊ အာရှဘောလုံးအဖွဲ့ချုပ် (AFC)နှင့် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)တို့ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။ 

မြန်မာအသင်းသည် သြဂုတ်(၁၄)ရက်တွင် မွန်တီနီဂရိုးအသင်း၊ သြဂုတ်(၁၆)ရက်တွင် အင်ဒိုနီးရှားအသင်း၊ သြဂုတ်(၁၈)ရက်တွင် တောင်ကိုရီးယားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ 

"ဒီပွဲဟာ အတွေ့ကြုံကောင်းတွေရရှိမယ့်ပွဲ ဖြစ်သလို ကျွန်တော်တိုရဲ့ ကလေးတွေအတွက် အခွင့်အရေးကောင်းတစ်ခုလည်း ဖြစ်ပါတယ်''ဟု ကိုရီးယားအသင်းနည်းပြ Mr Song Kyungsub ကပြောသည်။

အဆိုပါဘောလုံးပြိုင်ပွဲ၏ ပွဲစဉ်များအားလုံးကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) နှင့် My Sport Facebook Page များက တိုက်ရိုက် (LIVE) ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

အိမို့မို့ခိုင်


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%9E%E1%80%80%E1%80%BA-%E1%81%81%E1%81%86-%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%A1%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%9C%E1%80%B0%E1%80%84%E1%80%9A%E1%80%BA%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%95%E1%80%AB%E1%80%9D%E1%80%84%E1%80%BA%E1%80%9A%E1%80%BE%E1%80%89%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%99%E1%80%8A%E1%80%BA%E1%80%B7-%E1%80%9C%E1%80%B1%E1%80%B8%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6-%E1%80%96%E1%80%AD%E1%80%90%E1%80%BA%E1%80%81%E1%80%B1%E1%80%AB%E1%80%BA%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%99%E1%80%8A%E1%80%BA