spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > စစ်ကိုင်းမြို့တွင် ပထမအကြိမ် ကျောင်းပေါင်းစုံ အပျော်တမ်း ဖိတ်ခေါ်စက်ဘီးစီးပြိုင်ပွဲ ကျင်းပမည်

စစ်ကိုင်းမြို့တွင် ပထမအကြိမ် ကျောင်းပေါင်းစုံ အပျော်တမ်း ဖိတ်ခေါ်စက်ဘီးစီးပြိုင်ပွဲ ကျင်းပမည်

 

စစ်ကိုင်း   ၁၃  သြဂုတ်

စစ်ကိုင်းမြို့တွင် ပထမအကြိမ် ကျောင်းပေါင်းစုံ အပျော်တမ်း ဖိတ်ခေါ်စက်ဘီးစီးပြိုင်ပွဲကို သြဂုတ် ၂၅ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စက်ဘီးစီးပြိုင်ပွဲတွင် ပဉ္စမတန်းမှ နဝမတန်းအထိ ကျောင်းသား ကျောင်းသူများသာ ပါဝင်ယှဉ်ပြိုင်ခွင့် ရှိမည်ဖြစ်ကာ အစိုးရအလယ်တန်း၊ အထက်တန်းကျောင်းများ၊ ကိုယ်ပိုင်အလယ်တန်း အထက်တန်းကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတို့မှ ကျောင်းသား ကျောင်းသူများသည် ကျောင်းအုပ်ထောက်ခံချက် လက်မှတ်နှင့်အတူ ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။

ပြိုင်ပွဲဝင် စက်ဘီးအနေဖြင့် ဂီယာမပါသော ရိုးရိုး မိန်းမစီးစက်ဘီးများဖြင့်သာ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ကျောင်းသား ကျောင်းသူတန်းအလိုက် ပထမဆုမှ ဒသမဆုအထိ ဆုတံဆိပ်ဆွဲပြားနှင့် ဆုကြေးငွေများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲအတွက် စာရင်းပေးသွင်းမှုများကို သြဂုတ် ၁၅ ရက်မှ သြဂုတ်၂၃ ရက်အထိ ဦးစွမ်းထက် (စာရေး-၁)၊ မြို့နယ်ပညာရေးမှူးရုံး၊ ဖုန်း ဝ၉-၆၈၇၁၁၄၇၄၁ ထံသို့ ကြိုတင်ဆက်သွယ် စာရင်းပေးသွင်းနိုင်ပြီး ပြိုင်ပွဲနှင့်ပတ်သက်၍ မေးမြန်းလိုပါက ဦးသိန်းစံ (ခရိုင်အား/ကားမှူး) ဖုန်း ဝ၉-၇၇၇၄၇၅၈၀ဝ နှင့် ဦးထွန်းထွန်းဦး (CAS စက်ဘီးစီးအဖွဲ့ဥက္ကဋ္ဌ) ဖုန်း ဝ၉-၇၉၉၅၀၈၈၈၇ တို့ထံ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

အဆိုပါ  စက်ဘီးပြိုင်ပွဲကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ စက်ဘီးစီးအဖွဲ့ချုပ်နှင့် စစ်ကိုင်းမြို့ အပျော်တမ်း စက်ဘီးစီးအသင်း (CAS) အဖွဲ့တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

အောင်စံမောင်


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%85%E1%80%85%E1%80%BA%E1%80%80%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%95%E1%80%91%E1%80%99%E1%80%A1%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA-%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%B6-%E1%80%A1%E1%80%95%E1%80%BB%E1%80%B1%E1%80%AC%E1%80%BA%E1%80%90%E1%80%99%E1%80%BA%E1%80%B8-%E1%80%96%E1%80%AD%E1%80%90%E1%80%BA%E1%80%81%E1%80%B1%E1%80%AB%E1%80%BA%E1%80%85%E1%80%80%E1%80%BA%E1%80%98%E1%80%AE%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2