spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်က၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအားကစားထူးချွန်ဆုများ အောက်တိုဘာလတွင် ချီးမြှင့်သွားမည်

မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်က၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအားကစားထူးချွန်ဆုများ အောက်တိုဘာလတွင် ချီးမြှင့်သွားမည်

 
ရန်ကုန် ဩဂုတ် ၁၂
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံ အားကစားမီဒီယာများ အဖွဲ့ချုပ်က ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအားကစားထူးချွန်ဆုများ ကို အောက်တိုဘာလတွင် ချီးမြှင့်သွား မည်ဖြစ်ကြောင်းသိရသည် ။
 
''ကျွန်တော်တို့ အားကစားထူးချွန် ဆုနဲ့ သက်ကြီးအားကစားကလောင်ရှင် များကို ကန်တော့တာ နှစ်စဉ်ပြုလုပ် နေကျပါ။ ထူးချွန်ဆုအနေနဲ့ နည်းပြရယ်၊ အသင်းလိုက်ရယ်၊ အခြားဆုရသင့်တယ် လို့ ယူဆသူတွေရယ်ကို ဆိုင်ရာအဖွဲ့ချုပ် တွေကိုအဆိုပြုစာရင်းတင်ခိုင်းမှာပါ။ အဲဒီ ထဲကရသင့်တယ်လို့ နဃ ကဆုံးဖြတ်ရင် ပေးပါမယ်။ မဖြစ်မနေကတော့ အမျိုးသား အမျိုးသမီးအကောင်းဆုံး ဆုနှစ်ဆုကို ချီးမြှင့်မယ်။ ကျန်တဲ့ဆုတွေ ကတော့ပေးလို့ရတဲ့နှစ်မှာ ပေးခဲ့ပါတယ်။ မရရင် မပေးပါဘူး။ ပုံသေမရှိပါဘူး'' ဟု မြန်မာနိုင်ငံ အားကစားမီဒီယာများ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဉာဏ်ထွန်းက ပြော သည်။
 
 '' အဖွဲ့ချုပ်အနေနဲ့ ပြောရရင် အားကစားမြင့်မားနေဖို့ဆိုရင် မျိုးဆက် သစ် ကစားသမားတွေ လိုတယ်။ စာသင် ကျောင်းတွေမှာ သရုပ်ပြပွဲအားကစား ဟောပြောပွဲတွေ စည်းရုံးနိုင်ရမယ်၊ သိမ်းသွင်းနိုင်ရမယ်။ အရင်အားကစားကလောင်ရှင်များအဖွဲ့ချုပ်တုန်းကလည်း လုပ်ခဲ့ပါတယ်။ ဒါကြောင့် ကျောင်းသားကျောင်းသူတွေမျိုးဆက်သစ်ရဖို့အတွက် ရန်ကုန်မှာ စတင်လုပ်မယ်။ ပြီးရင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ လုပ်သွားမယ်။ အားကစားအဖွဲ့ချုပ်များ နဲ့လည်း ထိတွေ့ဆက်စပ်နေဖို့က အဖွဲ့ချုပ် ရဲ့ တာဝန်ဖြစ်ပါတယ်''ဟု ၎င်းက ဆက်လက်ပြောသည်။ 
 
အဆိုပါ အကောင်းဆုံးအမျိုးသား အမျိုးသမီးအားကစား ထူးချွန်ဆုများ ကို၂၀၀၃ ခုနှစ်ကစ၍ နှစ်စဉ်ချီးမြှင့်ခဲ့ သည်။ မြန်မာနိုင်ငံ အားကစားမီဒီယာများ အဖွဲ့ချုပ်သည်၂၀၁၉ ခုနှစ် မတ် ၁၀ ရက် က အလုပ်အမှုဆောင် ၁၈ ဦးဖြင့် ဖွဲ့စည်း ခဲ့ပြီး အသင်းဝင် ၈၀ ခန့်ရှိကြောင်း သိရ သည်။ 
 
အေကေလင်း

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%99%E1%80%AE%E1%80%92%E1%80%AE%E1%80%9A%E1%80%AC%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%80%80%E1%81%82%E1%81%80%E1%81%81%E1%81%88-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%A1%E1%80%90%E1%80%BD%E1%80%80%E1%80%BA-%E1%80%A1%E1%80%80%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%86%E1%80%AF%E1%80%B6%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%91%E1%80%B0%E1%80%B8%E1%80%81%E1%80%BB%E1%80%BD%E1%80%94%E1%80%BA%E1%80%86%E1%80%AF%E1%80%99%E1%80%BB%E1%80%AC%E1%80%B8