spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၇ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တင်းနစ်ပြိုင်ပွဲ မန္တလေးတိုင်းဒေကြီးအသင်းအနိုင်ရဗိုလ်စွဲ

၂ဝ၁၇ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တင်းနစ်ပြိုင်ပွဲ မန္တလေးတိုင်းဒေကြီးအသင်းအနိုင်ရဗိုလ်စွဲ

 
နေပြည်တော်၊ ဒီဇင်ဘာ(၂၉)ရက်။
 
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်သော လူငယ်၊လူရွယ်များဖြစ်ပေါ်လာစေရေး၊ မြန်မာ့ရိုးရာအမွေအနှစ်ဖြစ်သည့် မြန်မာ့သိုင်းအားကစားနည်းကို ယနေ့ခေတ် လူငယ်များ ပိုမိုစိတ်ဝင်စားလာမှုရရှိစေရေးနှင့် မျိုးဆက်သစ်အားကစားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပြုလုပ် လျက်ရှိပြီး ၂ဝ၁၇ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တင်းနစ်ပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီ အချိန်တွင်  ဝဏ္ဏသိဒ္ဓိ တင်းနစ်ကွင်း၌ ကျင်းပပြုလုပ်ရာ  ဗိုလ်လုပွဲစဉ်အဖြစ် တစ်ဦးချင်း အလွတ်တန်း ပြိုင်ပွဲ အမျိုးသမီးပွဲစဉ်အဖြစ် ထက်ထက်ဝေ(မန္တလေး)နှင့် ကျိမ်ဟွမ်တွဲ(ချင်း)တို့ ယှဉ်ပြိုင်ကစားကြရာ ထက်ထက်ဝေ(မန္တလေး)မှလည်းကောင်း၊ အမျိုးသားပွဲစဉ်အဖြစ် မြူပိုင်မင်း(ကချင်)နှင့် အာကာကျော် (ရန်ကုန်)တို့ ယှဉ်ပြိုင်ကစားကြရာ မြူပိုင်မင်း(ကချင်)မှလည်းကောင်း အသီးသီးအနိုင်ရရှိ သွားပါသည်။
 
 
ဆက်လက်၍ အမျိုးသားအသင်းလိုက်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ကချင်ပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မန္တလေးတိုင်းဒေသကြီးအသင်းမှ (၂)ပွဲပြတ် ဖြင့်လည်းကောင်း၊ အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ချင်းပြည်နယ် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မန္တလေးတိုင်းဒေသကြီးအသင်းမှ (၂)ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားသည်။
 
ဆက်လက်၍ ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ  အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသား အသင်းလိုက်ပြိုင်ပွဲ၊ အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲ၊ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲများမှ ဆုရရှိသူများအား အားကစားနှင့်ကာယပညာဦးစီးဌာန တာဝန်ရှိသူများမှ ဆုများ ကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
 
 
ဆက်လက်၍ အမျိုးသား အကောင်းဆုံးအားကစားသမားဆုရ မြူပိုင်မင်း(ကချင်)နှင့် အမျိုးသမီးအကောင်းဆုံးဆုရ ထက်ထက်ဝေ(မန္တလေး)တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယñွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းမှ အကောင်းဆုံးအားကစားသမားဆုတံဆိပ်ချီးမြှင့်ခဲ့သည်။
 
ထို့နောက်  အမျိုးသမီးတံခွန်စိုက်ဆုနှင့် အမျိုးသားတံခွန်စိုက်ဆုရရှိသော မန္တလေး တိုင်းဒေသကြီးအသင်းအား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ တံခွန်စိုက်ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦးမှ စုပေါင်းတံခွန်စိုက်ဆုရရှိသော မန္တလေးတို်င်းဒေသကြီးအသင်းအား စုပေါင်းတံခွန်စိုက်ဆု ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%87-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%94%E1%80%85%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2