ရန်ကုန်၊ သြဂုတ်လ (၁၆) ရက်။
၂၀၁၉ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲနှင့် ရန်ကုန်တိုင်းဒေသကြီးလူရွေးပွဲ ပြိုင်ပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကို သြဂုတ်လ(၁၄)ရက်နေ့မှ (၁၆)ရက်နေ့အထိ နေ့လယ်(၂)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီးသင်္ဃန်းကျွန်းမြို့နယ်၊ မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်သု၀ဏ္ဏလက်ဝှေ့လေ့ကျင့်ရေးရုံ ၌ကျင်းပခဲ့သည်။
ဆက်လက်၍ပြိုင်ပွဲအပြီးတွင် ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူ းဦးအောင်မိုးနှင့် ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးများ၊ မြို့နယ်အရာရှိများ၊ ရန်ကုန်တိုင်းဒေသကြီး လက်ဝှေ့ဆပ်ကော်မတီဥက္ကဋ္ဌ ဦး၀င်းကျော်တို့က အမျိုးသားအလွတ်တန်း (၈၁)ကီလိုတန်း၊ အသက်(၂၅)နှစ်အောက် အမျိုးသမီး(၅၁)ကီလိုတန်း၊ (၅၄)ကီလိုတန်း၊ (၆၀)ကီလိုတန်းနှင့် အသက်(၂၅)နှစ်အောက် အမျိုးသား(၄၆)ကီလိုတန်း၊ (၄၉)ကီလိုတန်း၊ (၅၂)ကီလိုတန်း၊ (၅၆)ကီလိုတန်း၊ (၆၀)ကီလိုတန်း၊ (၆၄)ကီလိုတန်း၊ (၆၉)ကီလိုတန်း၊ (၈၁)ကီလိုတန်းပြိုင်ပွဲများတွင် ပထမဆုနှင့် ဒုတိယဆု ရရှိကြသူများကို တစ်ဦးချင်း ဆုတံဆိပ်နှင့်အတူ ငွေသားဆုများကို ပေးအပ်ချီးမြှင့်၍လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ကိုယ်စား လူမှုရေး၀န်ကြီး ဦးနိုင်ငံလင်း က အမျိုးသမီးအကောင်းဆုံး အားကစားသမားဆုရ မြမိုးသူ(အင်းစိန်မြို့နယ်)နှင့် အမျိုးသားအကောင်းဆုံး အားကစားသမားဆုရ စောဘွယ်ကလို(အင်းစိန်မြို့နယ်) တို့နှင့် ရွှေတံဆိပ်(၄)ခု၊ ငွေတံဆိပ်(၁)ခုဖြင့် တံခွန်စိုက်ဆုဖလားရရှိသွားသော လှည်ကူးမြို့နယ်အသင်းအား တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသတင်းရရှိသည်။