spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > (၃၀)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြားပစ်အားကစားနည်း ၀င်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် တတိယအကြိမ်လူရွေးချယ်ပြိုင်ပွဲနှင့် အလေးမလူရွေးချယ်ပြိုင်ပွဲကျင်းပ

(၃၀)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြားပစ်အားကစားနည်း ၀င်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် တတိယအကြိမ်လူရွေးချယ်ပြိုင်ပွဲနှင့် အလေးမလူရွေးချယ်ပြိုင်ပွဲကျင်းပ

 
ရန်ကုန်၊ သြဂုတ်လ(၁၇) ရက်။
 
ဖိလစ်ပိုင်နိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၀)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ ၀င်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်မှ ပဏာမစခန်းသွင်းလေ့ကျင့်ပေးထားသည့် မြားပစ်အားကစားသမားများ တတိယအကြိမ်လူရွေးချယ်ပြိုင်ပွဲများကို ယနေ့ နံနက်(၈)နာရီက ရန်ကုန်မြို့ ကျိုက္ကဆံမြားပစ်ကွင်း၌ကျင်းပပြုလုပ်ခဲ့ပြီး ရွေးချယ်ခံဆုရရှိသူများအား ဆုများချီးမြှင့်ပေးခဲ့သည်။
 
 
 
ပြိုင်ပွဲတွင် အတန်း(၁၀)တန်းကျင်းပရာ Recurve Event အမျိုးသားတစ်ဦးချင်း၊ အမျိုးသမီးတစ်ဦးချင်း၊ အမျိုးသား၊ အမျိုးသမီး (Mix)သင်းပြိုင်ပွဲ၊ အမျိုးသားအသင်းလိုက်နှင့် အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲများ၊ Compound Event၌ အမျိုးသားတစ်ဦးချင်း၊ အမျိုးသမီးတစ်ဦးချင်း၊ အမျိုးသားအသင်းလိုက်၊ အမျိုးသမီးအသင်းလိုက်နှင့် အမျိုးသား/အမျိုးသမီး(Mix)သင်းပြိုင်ပွဲများကျင်းပပြုလုပ်ခဲ့ပြီး ယနေ့နောက်ဆုံးဗိုလ်လုပွဲအဖြစ် Recurve အမျိုးသမီး တစ်ဦးချင်းရှုံး/ထွက် ပြိုင်ပွဲ၊ Compound အမျိုးသမီးတစ်ဦးချင်းရှုံး/ထွက်ပြိုင်ပွဲ၊ Compound နှင့် Recurve အမျိုးသား/အမျိုးသမီး(Mix)  သင်းဗိုလ်လုပြိုင်ပွဲများကျင်းပပြုလုပ်ခဲ့ရာ ဆုရရှိသူများအား ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသူများအား မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇေသီဟ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးကျော်ဦးနှင့် ဦးသောက်ထွန်း၊ အထွေထွေအတွင်းရေးမှူးနှင့် တာ၀န်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့သည်။
 
တတိယအကြိမ်လူရွေးချယ်ပြိုင်ပွဲနောက်ဆုံးပြိုင်ပွဲအပြီးတွင် Recurve အားကစားနည်းဖြင့် အမျိုးသား(၆)ဦး၊ အမျိုးသမီး(၅)ဦး၊ Compound  အားကစားနည်းတွင် အမျိုးသား(၅)ဦး၊ အမျိုးသမီး(၄)ဦး စုစုပေါင်း အားကစားသမား(၂၀)ဦးရွေးချယ်ခဲ့သည်။
 
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဥဂ္ဂါအေး၊ အတွင်းရေးမှူးနှင့်အမှုဆောင်တို့သည် အောင်ဆန်းကွင်းရှိ မြန်မာနိုင်ငံအလေးမအားကစားအဖွဲ့ချုပ်လေ့ကျင့်ရေးရုံ၌  (၃၀)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၀င်ရောက်ယှဉ်ပြိုင်ရန် အလေးမလူရွေးချယ်ပြိုင်ပွဲအားကြည့်ရှုအားပေးကာ အမျိုးသမီး(၁၁)ဦး၀င်ရောက်ယှဉ်ပြိုင်ရာ ပြိုင်ပွဲ၀င်အမျိုးအစား(၆)တန်းမှ (၆)ဦးအား ရွေးချယ်ခဲ့ပြီး အမျိုးသား(၆)ဦး၀င်ရောက်ယှဉ်ပြိုင်ရာ ပြိုင်ပွဲ၀င်အမျိုးအစား (၄)တန်းမှ (၄)ဦးအား ရွေးချယ်ခဲ့ပြီး စုစုပေါင်း(၁၀)ဦးအား ရွေးချယ်ခဲ့ကြောင်းသတင်းရရှိသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%83%E1%81%80%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%A1%E1%80%9B%E1%80%BE%E1%80%B1%E1%80%B7%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%A1%E1%80%AC%E1%80%9B%E1%80%BE%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%99%E1%80%BC%E1%80%AC%E1%80%B8%E1%80%95%E1%80%85%E1%80%BA%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%8A%E1%80%BA%E1%80%B8