ရန်ကုန်၊ သြဂုတ်လ(၁၈)ရက်။
မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးနှင့် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ် တို့ပူးပေါင်းကျင်းပသည့် မဟတ္တမဂန္ဓီ ၏ နှစ်(၁၅၀)ပြည့်မြောက်မွေးနေ့Cycling for Peace အထိမ်းအမှတ် စုပေါင်းစက်ဘီးစီး အခမ်းအနားကို ယနေ့နံနက်(၆)နာရီက ရန်ကုန်မြို့ ကန်တော်ကြီး ပန်းခြံ၌ကျင်းပရာကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနဒုတိယ၀န်ကြီးဒေါက်တာ မြလေးစိန် ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ လူမှုရေး ၀န်ကြီးဦးနိုင်ငံလင်း၊ ဒေါပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဦးသန့်ဇင်၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ တာ၀န်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် H.E. Shri Saurabh Kumar နှင့်သံရုံးမှ တာ၀န်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခင်မောင်၀င်းနှင့် အမှုဆောင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စက်ဘီးစီး၀ါသနာရှင်များတက်ရောက် ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် H.E. Shri Saurabh Kumar နှင့် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန်တို့က ကြိုဆို နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာကြသော တာ၀န်ရှိပုဂ္ဂိုလ်များနှင့်အတူ မဟတ္တမဂန္ဓီ ၏ နှစ်(၁၅၀)ပြည့်မြောက်မွေးနေ့ အထိမ်းအမှတ် အဖြစ် မိုးပျံပူဖောင်း လွှတ်တင်ပြီး စက်ဘီးစီးနင်းပွဲအား တာလွှတ်ပေးခဲ့ရာ စက်ဘီးစီး၀ါသနာရှင်(၁၀၀၀)ကျော်တို့က ကန်တော်ကြီး ပန်းခြံ အား(၂)ပတ် ပတ်၍ပြန်လည်ပန်း၀င်ခဲ့သည်။
ဆက်လက်၍ ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့်တာ၀န်ရှိပုဂ္ဂိုလ်များ က အောင်ဆန်းကွင်းရှိ မိုးလုံလေလုံ အားကစားရုံ၌ ကျင်းပလျက်ရှိသော ကျန်းမာရေးနှင့်အားကစား၀န်င်္ကြီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန နှင့် မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော တံခွန်စိုက် ဖလား အမျိုးသား/ အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲကို သွားရောက်ကြည့်ရှုအား ပေးခဲ့ကြောင်း သတင်းရရှိသည်။