spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး) ကျောင်းများ၏ အားကစားပြိုင်ပွဲ ဆဌမနေ့ဆက်လက်ကျင်းပ

၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး) ကျောင်းများ၏ အားကစားပြိုင်ပွဲ ဆဌမနေ့ဆက်လက်ကျင်းပ

 
နေပြည်တော်၊ ဇန်နဝါရီ(၁)ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ မြန်မာ့အားကစား အစဉ်အမြဲ တိုးတက်စေရေးနှင့် မျိုးဆက်သစ် အားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရန် ရည်ရွယ်ဖွင့်လှစ်ထားသော အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး) ကျောင်းများ၏ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် အားကစားပြိုင်ပွဲများအား ယနေ့နံနက် (၈)နာရီအချိန်တွင် စတင်ကျင်းပရာ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A)၌ ကြက်တောင်ပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ  အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ၊  အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသား အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြပါသည်။ 
 
ဆက်လက်၍ Squash  ပြိုင်ပွဲကို TC-1  လေ့ကျင့်ရေးရုံတွင် ကျင်းပပြုလုပ်ရာ အမျိုးသား/အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသား အသင်းလိုက်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့သည်။ ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက် ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာန တာဝန်ရှိသူများမှ ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။ 
 
 
ဆက်လက်၍ ဘတ်စကက်ဘောပြိုင်ပွဲများကို TC-1  လေ့ကျင့်ရေးကွင်း၌ ကျင်းပပြုလုပ်ရာ အမျိုးသမီး အုပ်စုပတ်လည်ပွဲစဉ်များအဖြစ် အား/ကာသိပ္ပံ (ရန်ကုန်) နှင့် အား/ကာသိပ္ပံ(တောင်ကြီး)၊ အား/ကာသိပ္ပံ (မော်လမြိုင်) နှင့် အား/ကာသိပ္ပံ(မန္တလေး)၊ အမျိုးသားအုပ်စုပတ်လည် ပွဲစဉ်များအဖြစ် အား/ကာသိပ္ပံ(ရန်ကုန်)နှင့် အား/ကာသိပ္ပံ(မန္တလေး)၊ အား/ကာသိပ္ပံ(မော်လမြိုင်)နှင့် အား/ကာသိပ္ပံ (တောင်ကြီး) ပွဲစဉ်များအားယှဉ်ပြိုင်ကစားကြပါသည်။ ဆက်လက်ပြီး သေနတ်ပစ်ပြိုင်ပွဲများကို TC-2 လယ်ဝေးသေနတ်ပစ်ရုံ၌ ကျင်းပပြုလုပ်ရာ အမျိုးသမီးပွဲစဉ်အဖြစ် လေရိုင်ဖယ်၊ အမျိုးသားပွဲစဉ်အဖြစ် လေပစ္စတို၊ လေရိုင်ဖယ် ပွဲစဉ်များယှဉ်ပြိုင်ကစားကြပါသည်။
 
 
ဆက်လက်၍ ကျွမ်းဘားပြိုင်ပွဲများကို TC-2  လယ်ဝေးကျွမ်းဘားရုံ၌ ကျင်းပပြုလုပ်ရာ အမျိုးသမီးပွဲစဉ်အဖြစ် မြင်းခုန်ဘားပြိုင်ပွဲ၊ ၂တန်းနိမ့်မြင့်ဘားပြိုင်ပွဲ၊ ချိန်ဆဘားပြိုင်ပွဲ၊ အမျိုးသား ပွဲစဉ်များအဖြစ် မြေပြင်ပြိုင်ပွဲ၊ သံကွင်းတပ်မြင်းခုန်ဘားပြိုင်ပွဲ၊ ၂တန်းဘားပြိုင်ပွဲ၊ သံကွင်းဘားပြိုင်ပွဲ၊ ၁တန်းဘားပြိုင်ပွဲများ ယှဉ်ပြိုင်ကစားကြပါသည်။
 
ထို့နောက် ဝူရှူးပြိုင်ပွဲများကို TC-2  လယ်ဝေးဝူရှူးရုံ၌ ကျင်းပပြုလုပ်ရာ အမျိုးသား/အမျိုးသမီးပြိုင်ပွဲ ပွဲစဉ်များအဖြစ် ချန်းချွမ် ပုံစံ(၃)/ပုံစံ(၁)၊ နန်းချွမ် ပုံစံ(၃)/ပုံစံ(၁)၊ ထိုက်ချိချွမ် ပုံစံ(၃) ပြိုင်ပွဲ၊ ပွဲစဉ်များအား ယှဉ်ပြိုင်ကစားကြပါသည်။ ပြိုင်ပွဲအပြီး ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာန တာဝန်ရှိသူများမှ ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ 
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%87-%E1%81%82%E1%80%9D%E1%81%81%E1%81%88-%E1%80%95%E1%80%8A%E1%80%AC%E1%80%9E%E1%80%84%E1%80%BA%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%80%E1%80%AC%E1%80%9A%E1%80%95%E1%80%8A%E1%80%AC%E1%80%9E%E1%80%AD%E1%80%95%E1%80%B9%E1%80%95%E1%80%B6-%E1%80%9B%E1%80%94%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%81%8A-%E1%80%99%E1%80%94%E1%80%B9%E1%80%90%E1%80%9C%E1%80%B1%E1%80%B8%E1%81%8A-%E1%80%99%E1%80%B1%E1%80%AC%E1%80%BA%E1%80%9C%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%81%8A-%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8-1