spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အမျိုးသားအဆင့် အားကစားစီမံခန့်ခွဲသူများ(၂/၂ဝ၁၉)သင်တန်းဖွင့်ပွဲကျင်းပ

အမျိုးသားအဆင့် အားကစားစီမံခန့်ခွဲသူများ(၂/၂ဝ၁၉)သင်တန်းဖွင့်ပွဲကျင်းပ

 
ရန်ကုန်၊ သြဂုတ်လ (၁၉)ရက်။
 
နိုင်ငံတော်ရဲ့အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေး လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာမှာ နိုင်ငံတကာနှင့်အတူ ရင်ဘောင်တန်းဆောင်ရွက် အကောင်အထည်ဖော်သွားနိုင်စေဖို့အတွက် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီက ချမှတ်ပေးထား တဲ့အိုလံပစ်မူ၀ါဒ အတွေးအခေါ်တွေနဲ့ ယဉ်ကျေးမှု၊ ပညာပေးမှု ဆိုင်ရာ အိုလံပစ်အသိပညာခံယူချက် တွေကို အခြေခံကစပြီး သိရှိနားလည်သဘောပေါက်နိုင်စေဖို့အတွက် ရည်ရွယ်၍ ယနေ့နံနက် (၈)နာရီ က ရန်ကုန်မြို့ ကျိုက္ကဆံကွင်းရှိ  အားကစားနှင့်ကာယပညာသိပ္ပံ သင်တန်းခန်းမ၌ကျင်းပရာ  အားကစား နှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယ ပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီးအားကစား နှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာ၀န်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ သင်တန်းသား/ သင်တန်းသူများတက်ရောက်ကြသည်။
 
ရှေးဦးစွာ အားကစား နှင့်ကာယ ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး က အဖွင့်အမှာစကားပြောကြားရာ တွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီအနေနဲ့ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီနဲ့  ပူးပေါင်းပြီး အိုလံပစ် သွေးစည်းညီညွတ်ရေးအစီအစဉ်အရ၊ ယခုလိုအမျိုးသား အဆင့် အားကစားစီမံခန့်ခွဲသူများ သင်တန်း တွေကို နှစ်စဉ်(၃)ကြိမ်ဖွင့်လှစ်ပေးသွားမှာဖြစ်ပြီး ၊ ဒီနေ့ဖွင့်လှစ်သွားမည့် အမျိုးသားအဆင့် အားကစားစီမံခန့်ခွဲသူများသင်တန်း(၂/၂၀၁၉)အနေဖြင့် မြန်မာ့အားကစားအဆင့်အတန်း တိုးတက် မြင့်မားရေးအတွက် များစွာအထောက်အကူပြု ပံ့ပိုးပေးနိုင်မယ့် အလွန်ထိရောက်တဲ့ သင်တန်းဖြစ် ကြောင်း။
 
ဒီသင်တန်းကို တက်ရောက်ကြမည့် သင်တန်းသားများအနေနဲ့ သင်တန်းက ပို့ချပေးမယ့် အားကစားအသိပညာ၊ အတတ်ပညာများကို မိမိတို့ရှိပြီးသား အတွေ့အကြုံကောင်းများနဲ့ ပေါင်းစပ်ပြီး မြန်မာ့အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးအတွက် အစွမ်းကုန်ပြန်လည်အသုံးချ အကောင် အထည်ဖော်ဆောင်ရွက်သွားနိုင်အောင် အစွမ်းကုန်ကြိုးပမ်းသွားကြပါ။ နိုင်ငံတော်ရဲ့ အားကစား တာ၀န်များကို အမျိုးသားရေး တာ၀န်တစ်ရပ်အဖြစ် လေးလေးနက်နက်ခံယူပြီး ဝိုင်း၀န်းကြိုးပမ်း ဆောင်ရွက်သွားကြစေလိုပါကြောင်းပြောကြားခဲ့ပြီး သင်တန်းသား/သင်တန်းသူများ က တစ်ဦးချင်း မိတ်ဆက်ပေးခဲ့ကြသည်။
 
အဆိုပါသင်တန်းကို အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဌာနခွဲများနှင့် တိုင်းဒေသကြီး နှင့်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနများမှ အမျိုးသား(၇)ဦး၊ အမျိုးသမီး(၂၆)ဦး ၊ စုစုပေါင်း (၃၃)ဦးတို့တက်ရောက်ကြရာ သြဂုတ်လ(၂၃)ရက်နေ့အထိ ဖွင့်လှစ်သင်တန်းဆင်းသွားမည် ဖြစ်ကြောင်း သိရှိရသည်။

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%A1%E1%80%86%E1%80%84%E1%80%BA%E1%80%B7-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%85%E1%80%AE%E1%80%99%E1%80%B6%E1%80%81%E1%80%94%E1%80%BA%E1%80%B7%E1%80%81%E1%80%BD%E1%80%B2%E1%80%9E%E1%80%B0%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%81%82%E1%81%82%E1%80%9D%E1%81%81%E1%81%89%E1%80%9E%E1%80%84%E1%80%BA%E1%80%90%E1%80%94%E1%80%BA%E1%80%B8%E1%80%96%E1%80%BD%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95