ရန်ကုန်၊ သြဂုတ်လ(၁၉)ရက်။
ဂျပန်နိုင်ငံ ၊ တိုကျိုမြို့၌ ၂၀၁၉ခုနှစ်၊ သြဂုတ်လ(၂၀)ရက်နေ့ မှ (၂၂)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ၂၀၂၀တိုကျိုအိုလံပစ်ပြိုင်ပွဲ နိုင်ငံအလိုက် အားကစား အဖွဲ့ခေါင်းဆောင်များ ဆွေးနွေးပွဲ (Tokyo 2020 NOC CDM Seminar) သို့ တက်ရောက် ရန် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင် တို့သည် ယမန်နေ့ည (၉)နာရီ (၄၅)မိနစ် အချိန် က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် မှ ထွက်ခွာသွားရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး နှင့်ညွှန်ကြားရေးမှူး ဦးအောင်မိုးတို့က ပို့ဆောင်နှုတ်ဆက် ခဲ့ကြောင်းသိရှိရသည်။