ရန်ကုန်၊ သြဂုတ်လ(၂၀)ရက်။
ထိုင်းနိုင်ငံ၊ ပတ္တရားမြို့တွင် အပြည်ပြည်ဆိုင်ရာနဂါးလှေအဖွဲ့ချုပ်(International Dragon Boat Federation – IDBF )ကကြီးမှူးကျင်းပသည့် (၁၄)ကြိမ်မြောက် ကမ္ဘာ့နဂါးလှေချန်ပီယံရှစ်ပြိုင်ပွဲ ပထမနေ့ပွဲစဉ်များကို သြဂုတ်လ(၂၁)ရက်၊ နံနက်ပိုင်းတွင်စတင်ကျင်းပမည့်ဖြစ်ရာ မြန်မာ့လက်ရွေးစင်လှေအသင်းများသည် အဆိုပါပထမနေ့ပွဲစဉ်များတွင် ပွဲစဉ်(၅)မျိုး၌ ပါ၀င်ယှဉ်ပြိုင်မှာဖြစ်ပြီး ဒေသစံတော်ချိန် နံနက်(၉)နာရီ(၁၈)မိနစ်တွင် အသက်(၂၄)နှစ်အောက် အမျိုးသား၊ အမျိုးသမီး(Mixed) မီတာ(၂၀၀၀)ပြိုင်ပွဲ၌ ဟောင်ကောင်၊ ဂရိတ်ဗြိတိန်၊ သြစတြေးလျ၊ ထိုင်း၊ ကနေဒါ အသင်းများနှင့် လည်းကောင်း၊ ဒေသစံတော်ချိန်နံနက်(၁၀)နာရီ(၆)မိနစ်တွင် အလွတ်တန်း အမျိုးသား၊ အမျိုးသမီး (Mixed) မီတာ(၂၀၀၀)ပွဲစဉ်တွင် အီတလီ၊ ပြင်သစ်၊ ဂျပန်၊ ဆွီဒင်၊ သြစတြေးလျ၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ ထိုင်း၊ ဂရိတ်ဗြိတိန်၊ ကနေဒါအသင်းများနှင့်လည်းကောင်း၊ ဒေသစံတော်ချိန် နေ့လယ်(၁)နာရီ(၁၈)မိနစ်တွင် အသက်(၂၄)နှစ်အောက် အမျိုးသမီး မီတာ(၂၀၀၀)ပွဲစဉ်၌ အီရန်၊ အမေရိကန်၊ သြစတြေးလျနှင့် ထိုင်းအသင်းများနှင့်လည်းကောင်း၊ ဒေသစံတော်ချိန် နေ့လည် (၁)နာရီ(၄၂)မိနစ်တွင် အသက်(၂၄)နှစ်အောက် အလွတ်တန်း အမျိုးသား မီတာ(၂၀၀၀)ပြိုင်ပွဲ၌ မကာအို၊ ဟောင်ကောင်၊ သြစတြေးလျ၊ ထိုင်းအသင်းများနှင့် လည်းကောင်း၊ ဒေသစံတော်ချိန် မွန်းလွဲ(၂)နာရီ(၆)မိနစ်တွင် အမျိုးသမီးအလွတ်တန်း မီတာ(၂၀၀၀)ပွဲစဉ်၌ အိန္ဒိယ၊ ဂျပန်၊ ဖိလစ်ပိုင်၊ တရုတ်တိုင်ပေ၊ ဂရိတ်ဗြိတိန်၊ ရှရှား၊ ဂျာမဏီ၊ ချက်ဇ်၊ ယူကရိန်း၊ စပိန်၊ ဆွတ်ဇာလန်၊ ဟောင်ကောင်၊ အီရန်၊ စင်ကာပူ၊ သြစတြေးလျ၊ ထိုင်းနှင့်ကနေဒါနိုင်ငံများနှင့်လည်းကောင်းယှဉ်ပြိုင်၍ရရှိသော စံချိန်များပေါ်မူတည်၍ ပထမ၊ ဒုတိယနှင့် တတိယဆုများပေးအပ်မှာဖြစ်ပြီး ပြိုင်ပွဲအပြီးတိုင်းတွင် ဆုပေးပွဲများ တစ်ပါးတည်းကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။
