spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ဒေါ့ဖုန်းယန်မြို့၌ မြို့အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

ဒေါ့ဖုန်းယန်မြို့၌ မြို့အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

 
 
ဒေါ့ဖုန်းယန် ဩဂုတ် ၂၀
 
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ရှိ လူငယ်လူရွယ်များ အားကစား ဝါသနာပါပြီး ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ မြို့အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်း ၃ နာရီတွင် မြို့လယ်အားကစားကွင်း၌ ကျင်းပသည်။
 
ဗိုလ်လုပွဲတွင် မြို့ပေါ်ရပ်ကွက်အမှတ်(၁+၂)နှင့် အမှတ်(၃)ရပ်ကွက်တို့ ယှဉ်ပြိုင် ကစားကြရာ အမှတ်(၃)ရပ်ကွက် အသင်းက ၄ ဂိုး ၃ ဂိုး ဖြင့် အနိုင်ရရှိသွားပါသည်။ ဆက်လက်၍ ဆုပေးပွဲကို ကျင်းပရာ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အသန့်ရှင်းဆုံးဆု ရရှိသူများအား ဒိုင်းဆု၊ လည်ဆွဲပြားနှင့် ငွေသားဆုများကို မြိနယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူတို့က အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
 
အဆိုပါ မြို့အုပ်ချုပ်ရေးမှူးဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း(၁၂)သင်းက (၂.၈.၂၀၁၉) ရက်နေ့မှ (၁၉.၈.၂၀၁၉) ရက်နေ့ အထိ ပါဝင်ယှဉ်ပြိုင် ကစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
မြို့နယ်(ပြန်/ဆက်)

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%92%E1%80%B1%E1%80%AB%E1%80%B7%E1%80%96%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%9A%E1%80%94%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%81%8C-%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%A1%E1%80%AF%E1%80%95%E1%80%BA%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8%E1%80%99%E1%80%BE%E1%80%B0%E1%80%B8%E1%80%96%E1%80%9C%E1%80%AC%E1%80%B8-%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%97%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA%E1%80%9C%E1%80%AF%E1%80%95%E1%80%BD%E1%80%B2%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA-%E1%80%86%E1%80%AF%E1%80%95%E1%80%B1%E1%80%B8%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95