spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > (14th World Dragon Boat Racing Champion ship) ပထမနေ့ပြိုင်ပွဲတွင် မြန်မာလှေလှော်အသင်းမှ ရွှေ(၂)၊ ငွေ(၁)၊ ကြေး(၁) ဆွတ်ခူးရရှိ

(14th World Dragon Boat Racing Champion ship) ပထမနေ့ပြိုင်ပွဲတွင် မြန်မာလှေလှော်အသင်းမှ ရွှေ(၂)၊ ငွေ(၁)၊ ကြေး(၁) ဆွတ်ခူးရရှိ

 
ရန်ကုန်၊ သြဂုတ်လ(၂၁) ရက်။
 
ထိုင်းနိုင်ငံ၊ ပတ္တရားမြို့၌ကျင်းပလျက်ရှိသော (၁၄)ကြိမ်မြောက် ကမ္ဘာ့နဂါးလှေချန်ပီယံရှစ်ပြိုင်ပွဲ (4th World Dragon Boat Racing Champion ship) ပထမနေ့ပွဲစဉ်များတွင် ဒေသစံတော်ချိန် နံနက်(၉)နာရီ(၁၈)မိနစ်တွင်ကစားသော  ယူ ၂၄  အမျိုးသား/အမျိုးသမီးအရော ၁၀ တက်လှော် မီတာ(၂၀၀၀)ပွဲစဉ်တွင် မြန်မာအသင်း ပွဲဦးထွက် ရွှေတံဆိပ်ဆုရရှိခဲ့သည်။
 
 
 
မြန်မာအသင်းသည် ၉ မိနစ် ၂၇ ဒသမ ၉၈၀ စက္ကန့်ဖြင့် ပထမဆုရရှိခြင်းဖြစ်ပြီး ကနေဒါအသင်းက  ၉မိနစ် ၃၂ ဒသမ ၈၄၀ စက္ကန့်ဖြင့် ဒုတိယ၊ သြစတြေးလျအသင်းက ၉ မိနစ် ၅၀ ဒသမ ၂၂၀ စက္ကန့်ဖြင့် တတိယရရှိခဲ့သည်။
ဒုတိယပွဲအဖြစ် နံနက် ၁၀ နာရီ ၆ မိနစ်တွင် ဆက်လက်ယှဉ်ပြိုင်ခဲ့သော  အမျိုးသား/အမျိုးသမီး Premier(Mixed)  မီတာ(၂၀၀၀)ပွဲစဉ်၌ မြန်မာအသင်းမှာ စတုတ္ထနေရာဖြင့်သာကျေနပ်ခဲ့ရသည်။ ယင်းပွဲစဉ်၌ ပထမ အီတလီ၊ ဒုတိယ ထိုင်း၊ တတိယ ကနေဒါအသင်းတို့က ရရှိခဲ့သည်။
 
မွန်းလွဲ ၁ နာရီ ၁၈ မိနစ်တွင် ယှဉ်ပြိုင်သော အသက် ၂၄နှစ်အောက် အမျိုးသမီး မီတာ(၂၀၀၀)ပွဲစဉ်၌  မြန်မာအသင်းက  ဒုတိယမြောက် ရွှေတံဆိပ် ရယူနိုင်ခဲ့သည်။ ယင်းပွဲစဉ်၌ မြန်မာ ယူ ၂၄  အမျိုးသမီးအသင်းမှာ  ၁၀မိနစ်  ၂၈  ဒသမ ၇၉၇ စက္ကန့်ဖြင့် ရွှေတံဆိပ်ဆုကို ဆွတ်ခူးခဲ့ခြင်းဖြစ်ပြီး ထိုင်းအသင်းက  ၁၀မိနစ် ၃၁ ဒသမ ၈၅၄  စက္ကန့်ဖြင့် ဒုတိယ၊ အမေရိကန်အသင်းက ၁၀ မိနစ် ၅၁ ဒသမ ၂၇၃ စက္ကန့်ဖြင့် တတိယရရှိခဲ့သည်။
 
 
 
မွန်းလွဲ ၁ နာရီ ၄၂ မိနစ်တွင် ယှဉ်ပြိုင်ခဲ့သော အသက် ၂၄နှစ်အောက် အိုးပင်းအမျိုးသားပြိုင်ပွဲတွင် မြန်မာအသင်းက ၉ မိနစ် ၃၉ ဒသမ ၀၉၃ စက္ကန့်ဖြင့်ဒုတိယဆုရရှိခဲ့ပြီး ထိုင်းအသင်းက ၉မိနစ် ၁၇ဒသမ ၅၂၅ စက္ကန့်ဖြင့်ပထမ၊ သြစတြေးလျအသင်းက ၉ မိနစ် ၄၇ ဒသမ ၇၅၉စက္ကန့်ဖြင့် တတိယရရှိခဲ့ပြီး၊ ၂ နာရီ ၆ မိနစ် တွင် Premier အမျိုးသမီး မီတာ(၂၀၀၀)ပြိုင်ပွဲတွင် ထိုင်းအသင်းက ပထမ၊ တရုတ်အသင်းက ဒုတိယ၊ မြန်မာအသင်းက တတိယရရှိသဖြင့် သြဂုတ်လ(၂၂)ရက်နေ့တွင် ဒုတိယနေ့ပွဲစဉ်များတွင် မြန်မာအသင်းသည် (၂၂)တက်လှော် Standard Boat  မီတာ(၁၀၀၀)ပွဲစဉ်တစ်မျိုးသားပါ၀င်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
 
 
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/14th-world-dragon-boat-racing-champion-ship-%E1%80%95%E1%80%91%E1%80%99%E1%80%94%E1%80%B1%E1%80%B7%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%9C%E1%80%BE%E1%80%B1%E1%80%9C%E1%80%BE%E1%80%B1%E1%80%AC%E1%80%BA%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%BE-%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1%E1%81%82%E1%81%8A