spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > (၁၄)ကြိမ်မြောက်ကမ္ဘာ့နဂါးလှေချန်ပီယံရှစ်ပြိုင်ပွဲဒုတိယနေ့တွင် မြန်မာအသင်းကြေးတံဆိပ်(၁)ခုထပ်မံရရှိ

(၁၄)ကြိမ်မြောက်ကမ္ဘာ့နဂါးလှေချန်ပီယံရှစ်ပြိုင်ပွဲဒုတိယနေ့တွင် မြန်မာအသင်းကြေးတံဆိပ်(၁)ခုထပ်မံရရှိ

 
နေပြည်တော်၊သြဂုတ်(၂၂)ရက်။
 
ထိုင်းနိုင်ငံ၊ ပတ္တရားမြို့တွင်ကျင်းပပြုလုပ်သော (၁၄)ကြိမ်မြောက် ကမ္ဘာ့နဂါးလှေချန်ပီယံရှစ်ပြိုင်ပွဲ Standard Boat မီတာ ၁၀၀၀ ပြိုင်ပွဲ ပွဲစဉ်နောက်ဆုံးဗိုလ်လုပွဲကို ယနေ့မွန်းလွဲ(၁၂)နာရီခွဲအချိန်တွင် မြန်မာအသင်းသည် အိမ်ရှင်ထိုင်းအသင်း၊ အင်ဒိုနီးရှားအသင်း၊ အမေရိကန်အသင်း၊ ကနေဒါအသင်းနှင့် တရုတ်အသင်းတို့ယှဉ်ပြိုင်ကစားကြရာ အင်ဒိုနီးရှားအသင်းက စံချိန်(၀၃မိနစ် ၅၅ဒသမ ၄၈၅စက္ကန့်)ဖြင့် ပထမ၊ အမေရိကန်အသင်းက စံချိန်(၀၃မိနစ် ၅၆ဒသမ ၇၀၄စက္ကန့်)ဖြင့် ဒုတိယ၊ မြန်မာအသင်းက စံချိန်(၀၃မိနစ် ၅၇ဒသမ ၆၀၈စက္ကန့်)ဖြင့် တတိယရရှိခဲ့ပါသည်။
 
 
မြန်မာအသင်းသည် ဒုတိယနေ့ကျင်းပသော ပွဲစဉ်များတွင် Standard Boat မီတာ ၁၀၀၀ ပြိုင်ပွဲ ပွဲစဉ်တစ်မျိုးတည်းသာယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး ကြေးတံဆိပ်(၁)ခုထပ်မံရရှိခဲ့ခြင်းဖြစ်ပါသည်။
ပြိုင်ပွဲ(၂)ရက်အပြီးတွင် မြန်မာအသင်းသည် ပွဲစဉ်(၆)မျိုး၌ ရွှေ(၂)ခု၊ ငွေ(၁)ခု၊ ကြေး(၂)ခု စုစုပေါင်း ဆုတံဆိပ်(၅)ခုရရှိခဲ့ပါသည်။
 
 
 
အဆိုပါ (၁၄)ကြိမ်မြောက် ကမ္ဘာ့နဂါးလှေချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာအသင်းသည် (၂၃.၈. ၂၀၁၉)ရက်နေ့မှ (၂၅.၈.၂၀၁၉)ရက်နေ့အထိ ယှဉ်ပြိုင်မည့်ပွဲစဉ်များအနက် ပွဲစဉ်(၁၂)ပွဲယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။ 
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%81%E1%81%84%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%80%E1%80%99%E1%80%B9%E1%80%98%E1%80%AC%E1%80%B7%E1%80%94%E1%80%82%E1%80%AB%E1%80%B8%E1%80%9C%E1%80%BE%E1%80%B1%E1%80%81%E1%80%BB%E1%80%94%E1%80%BA%E1%80%95%E1%80%AE%E1%80%9A%E1%80%B6%E1%80%9B%E1%80%BE%E1%80%85%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%80%94%E1%80%B1%E1%80%B7%E1%80%90%E1%80%BD%E1%80%84%E1%80%BA