spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အမျိုးသားအဆင့် အားကစားစီမံခန့်ခွဲသူများ(၂/၂၀၁၉)သင်တန်းဆင်းပွဲကျင်းပ

အမျိုးသားအဆင့် အားကစားစီမံခန့်ခွဲသူများ(၂/၂၀၁၉)သင်တန်းဆင်းပွဲကျင်းပ

ရန်ကုန်၊ သြဂုတ်လ (၂၃)ရက်။

နိုင်ငံတော်ရဲ့အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေး လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာမှာ နိုင်ငံတကာနှင့်အတူ ရင်ဘောင်တန်းဆောင်ရွက် အကောင်အထည်ဖော်သွားနိုင်စေဖို့အတွက် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီက ချမှတ်ပေးထားတဲ့ အိုလံပစ်မူဝါဒ အတွေးအခေါ်တွေနဲ့ ယဉ်ကျေးမှု၊ ပညာပေးမှုဆိုင်ရာ အိုလံပစ်အသိပညာခံယူချက်တွေကို အခြေခံကစပြီး သိရှိနားလည်သဘောပေါက်နိုင်စေဖို့အတွက် ရည်ရွယ်၍ ယနေ့မွန်းလွဲ(၂)နာရီက ရန်ကုန်မြို့ ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ သင်တန်းခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာ၀န်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ သင်တန်းသား/ သင်တန်းသူများတက်ရောက်ကြသည်။

 

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးက သင်တန်းဆင်းအမှာစကားပြောကြား၍ သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသားခေါင်းဆောင်များသို့ သင်တန်းဆင်းလက်မှတ်များအား ပေးအပ်ချီးမြှင့်ခဲ့ပြီး တာ၀န်ရှိပုဂ်္ဂိုလ်များကအုပ်စုခွဲ၍ အကောင်းဆုံးတင်ပြပုံ၊ တင်ပြချက်နှင့် အကောင်းဆုံးတင်ဆက်သူဆု ရရှိသည့် သင်တန်းသားများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%A1%E1%80%86%E1%80%84%E1%80%BA%E1%80%B7-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%85%E1%80%AE%E1%80%99%E1%80%B6%E1%80%81%E1%80%94%E1%80%BA%E1%80%B7%E1%80%81%E1%80%BD%E1%80%B2%E1%80%9E%E1%80%B0%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%81%82%E1%81%82%E1%81%80%E1%81%81%E1%81%89%E1%80%9E%E1%80%84%E1%80%BA%E1%80%90%E1%80%94%E1%80%BA%E1%80%B8%E1%80%86%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95