spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မိုးရာသီ ယွန်းစလင်းဖလား အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

မိုးရာသီ ယွန်းစလင်းဖလား အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

 

ဖာပွန် ၂၅ သြဂုတ်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့ မြို့မဘောလုံးအားကစားကွင်း၌ ယမန်နေ့ညနေ ၃ နာရီက မိုးရာသီ ယွန်းစလင်းဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

ဖာပွန်မြို့အတွင်း အားကစားလှုပ်ရှားမှုအနေဖြင့် တစ်ဦးနှင့်တစ်ဦး ရင်းနှီးချစ်ကြည်မှုရှိစေရန်၊ လူကြီး၊ လူငယ်၊ လူရွယ်များက မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်းလုံးညီညွတ်မှုကို အခြေခံသော စိတ်ဓာတ်များ ဖြစ်ပေါ်လာစေရန်နှင့် နိုင်ငံ့ဂုဏ်ဆောင်၊ ပြည်နယ်ဂုဏ်ကိုဆောင်ကြသော လက်ရွေးစင် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ မိုးရာသီချစ်ကြည်ရေးဖလား ဘောလုံးပြိုင်ပွဲကို ပြုလုပ်ကျင်းပခြင်းဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောဝင်းထိန်က ရှင်းလင်းပြောကြားခဲ့သည်။

 

မိုးရာသီချစ်ကြည်ရေးဖလား ဘောလုံးပြိုင်ပွဲကို ဘောလုံးအသင်း(၉)သင်းတို့က အုပ်စုခွဲ၍ ပါဝင်ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သိရသည်။

 

ကျော်ဝဏ္ဏ(ဖာပွန်)


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%AC%E1%80%9E%E1%80%AE-%E1%80%9A%E1%80%BD%E1%80%94%E1%80%BA%E1%80%B8%E1%80%85%E1%80%9C%E1%80%84%E1%80%BA%E1%80%B8%E1%80%96%E1%80%9C%E1%80%AC%E1%80%B8-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%A1%E1%80%9C%E1%80%BD%E1%80%90%E1%80%BA%E1%80%90%E1%80%94%E1%80%BA%E1%80%B8-%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%96%E1%80%BD%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BD%E1%80%B2%E1%80%A1%E1%80%81%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%94%E1%80%AC%E1%80%B8%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95