spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ပုဏ္ဏားကျွန်းမြို့၌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဖလား ဘောလုံးပြိုင်ပွဲ အောင်ပွဲရ အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ

ပုဏ္ဏားကျွန်းမြို့၌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဖလား ဘောလုံးပြိုင်ပွဲ အောင်ပွဲရ အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ

 
ပုဏ္ဏားကျွန်း ဩဂုတ် ၂၅
 
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် ၁၉ နှစ်အောက် မြို့နယ်ပေါင်းစုံဘောလုံး ပြိုင်ပွဲ၌ ပထမဆုဖလားအား ဆွတ်ခူး နိုင်ခဲ့သော အောင်ပွဲရ ပုဏ္ဏားကျွန်းမြို့နယ် ဘောလုံးအားကစားသမားများ ဂုဏ်ပြု ဆုချီးမြှင့်ပွဲကို ယနေ့မွန်းတည့် ၁၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင် ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှ တက်ရောက်ပြီး ဂုဏ်ပြုအမှာစကား ပြောကြားသည်။
 
ထို့နောက် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက အောင်ပွဲရ အားကစားသမားများအား ဂုဏ်ပြုဆုငွေ ချီးမြှင့်ကြပြီး ဆုဖလားအားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌထံ ပေးအပ်သည်။
 
ယင်းနောက် တာဝန်ရှိသူများက ဂုဏ်ပြုပွဲအတွက် အလှူငွေများ ထည့်ဝင် ပေးကြသော စေတနာရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဌေး နှင့်အသင်းခေါင်းဆောင် မောင်ဇော် မျိုးလင်းတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြကြောင်း သိရ သည်။ 
 
ဝင်းမင်းစိုး(ပြန်/ဆက်)

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%95%E1%80%AF%E1%80%8F%E1%80%B9%E1%80%8F%E1%80%AC%E1%80%B8%E1%80%80%E1%80%BB%E1%80%BD%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%81%8C-%E1%80%9B%E1%80%81%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%80%96%E1%80%9C%E1%80%AC%E1%80%B8-%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%A1%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%9B