spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ကျွန်းစု၌ အခြေခံပညာ ကျောင်းပေါင်းစုံ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်လှစ်ကျင်းပ

ကျွန်းစု၌ အခြေခံပညာ ကျောင်းပေါင်းစုံ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်လှစ်ကျင်းပ

 

 

ကျွန်းစု ၂၆ သြဂုတ် 


တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပညာရေမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို သြဂုတ်လ(၂၆)ရက် နံနက်(၁၀)နာရီ အချိန်က မြို့နယ်မိုးလုံလေလုံ အားကစား ခန်းမ၌ ကျင်းပသည်။

အခမ်းအနားကို အ.ထ.က ကျွန်းစုကျောင်းမှ ကျောင်းသူများက ပန်းပွားအကဖြင့် ကပြဖျော်ဖြေကာ ဖွင့်လှစ်ပြီး မြို့နယ်ပညာရေးမှူး ဒေါ်မြဝင်းက အဖွင့်အမှာစကား ပြောကြားပြီး ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာဓိဌာန်(၄) ချက် ရွတ်ဆိုခဲ့ကြပြီးနောက် အဖွင့်ပွဲစဉ်အဖြစ် ညောင်ဘီးအသင်းနှင့် သဇင်အသင်းတို့ စတင်ယှဉ်ပြိုင်ခဲ့ကြသည်။


ပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသင်း(၉)သင်း ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲကို သြဂုတ်လ(၂၆)ရက်နေ့မှ (၂၈)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဦးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်မိရပ်ဖများ၊ ဘောလုံးဝါသနာရှင်များ တက်ရောက် အားပေးခဲ့ကြကြောင်း သိရသည်။


စည်သူရအောင်(ကျွန်းစု)


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%80%E1%80%BB%E1%80%BD%E1%80%94%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%81%8C-%E1%80%A1%E1%80%81%E1%80%BC%E1%80%B1%E1%80%81%E1%80%B6%E1%80%95%E1%80%8A%E1%80%AC-%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%B6-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8-%E1%80%95%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%BA%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%96%E1%80%BD%E1%80%84%E1%80%BA%E1%80%B7%E1%80%9C%E1%80%BE%E1%80%85%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95