spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မြို့နယ်အဆင့် ပြေးခုန်ပစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မြို့နယ်အဆင့် ပြေးခုန်ပစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

 

 

ပေါက် ၂၈ သြဂုတ်

 

မကွေးတိုင်းဒေကြီး ပေါက်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူးကျင်းပသော မြို့နယ်အဆင့် ပြေးခုန်ပစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။

 

အဆိုပါ ပြေးခုန်ပစ်ပြိုင်ပွဲ အပြေးပြိုင်ပွဲတွင် ကျား/မ  (၇၂)ဦး၊ အလျားခုန်ပြိုင်ပွဲတွင်  ကျား/မ (၂၃)ဦး၊ သံလုံး၊ သံပြား၊ လှံတံပစ်ပြိုင်ပွဲတွင် ကျား/မ (၅၇)ဦး စုစုပေါင်း (၁၅၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြရာ ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

 

အဆိုပါ ပြိုင်ပွဲကို တိုင်းဒေသကြီး/ မြို့နယ်/ ခရိုင် ကိုယ်စားပြု အားကစားသမားများ မွေးထုတ်ပေးနိုင်ပြီး နိုင်ငံ့လက်ရွေးစင် ကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

ဉာဏ်တိုး(ပေါက်)


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA%E1%80%A1%E1%80%86%E1%80%84%E1%80%BA%E1%80%B7-%E1%80%95%E1%80%BC%E1%80%B1%E1%80%B8%E1%80%81%E1%80%AF%E1%80%94%E1%80%BA%E1%80%95%E1%80%85%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7-%E1%80%86%E1%80%AF%E1%80%81%E1%80%BB%E1%80%AE%E1%80%B8%E1%80%99%E1%80%BC%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95