spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ထိုင်းဘုရင့်ဖလား ကမ္ဘာ့ချန်ပီယံရှစ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်း ရွှေ(၂)ခု၊ ငွေ(၁)ခု၊ ကြေး(၁)ခု ဆွတ်ခူးရရှိ

ထိုင်းဘုရင့်ဖလား ကမ္ဘာ့ချန်ပီယံရှစ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်း ရွှေ(၂)ခု၊ ငွေ(၁)ခု၊ ကြေး(၁)ခု ဆွတ်ခူးရရှိ

 
ရန်ကုန်၊ စက်တင်ဘာလ(၂)ရက်။
 
၂၀၁၉ခုနှစ်၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် သြဂုတ်လ(၂၅)ရက်နေ့မှ စက်တင်ဘာလ(၁)ရက်နေ့အထိ ထိုင်းဘုရင့်ဖလား ကမ္ဘာ့ချန်ပီယံရှစ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံပေါင်း(၃၆)နိုင်ငံမှ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ ပြီး မြန်မာအသင်းက ရွှေတံဆိပ်(၂)ခု၊ ငွေတံဆိပ် (၁)ခုနှင့်ကြေးတံဆိပ်(၁)ခု ဖြင့်ဆွတ်ခူးရရှိခဲ့သည်။
 
 
ပြိုင်ပွဲများအပြီးတွင် အမျိုးသားနှစ်ယောက်တွဲ၌ မြန်မာအသင်းက ပထမ ၊ တောင်ကိုရီးယားအသင်းက ဒုတိယနှင့် မလေးရှားအသင်းနှင့်အင်ဒိုနီးရှားအသင်းတို့က ပူးတွဲတတိယအဖြစ်လည်းကောင်း၊ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲ၌ မြန်မာအသင်းက ပထမ၊ လာအိုအသင်းက ဒုတိယနှင့် အင်ဒိုနီးရှားအသင်းနှင့်တောင်ကိုရီးယား အသင်းတို့ကပူးတွဲ တတိယဖြင့်လည်းကောင်း၊ အမျိုးသမီးကွင်းသွင်းခြင်းခတ်ပြိုင်ပွဲတွင် ထိုင်းအသင်းက ပထမ၊ မြန်မာအသင်းက ဒုတိယနှင့် ဖိလစ်ပိုင်အသင်းနှင့် ဗီယက်နမ်အသင်းတို့က ပူးတွဲတတိယဖြင့်လည်းကောင်း၊ အမျိုးသားအသင်းလိုက်ပြိုင်ပွဲတွင် ထိုင်းအသင်းက ပထမ၊ အင်ဒိုနီးရှားအသင်းက ဒုတိယနှင့် မြန်မာအသင်းနှင့် မလေးရှား အသင်းတို့က ပူးတွဲတတိယဆုများရရှိကြပြီး မြန်မာနိုင်ငံက နှစ်ယောက်တွဲပြိုင်ပွဲများတွင် နိုင်ငံအလိုက် အဆင့်(၁)ရရှိခဲ့သည်။
 
အဆိုပါအောင်ပွဲရ မြန်မာပိုက်ကျော်ခြင်းအားကစားအဖွဲ့သည် ယနေ့နံနက်(၁၁)နာရီ (၄၅)မိနစ်အချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ပြန်လည်ရောက်ရှိကာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ဒုတိယကျောင်းအုပ်ကြီး ဦးဗလကျော်သူနှင့် တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းနှင့်ခြင်းလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲအောင်နှင့်အမှုဆောင်များ၊ ဒိုင်လူကြီးများနှင့်နည်းပြများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ သင်တန်းသား/သင်တန်းသူ များ၊ မိဘဆွေမျိုးများကသောင်းသောင်းဖျဖျကြိုဆိုခဲ့ကြောင်းသတင်းရရှိသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%91%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%98%E1%80%AF%E1%80%9B%E1%80%84%E1%80%BA%E1%80%B7%E1%80%96%E1%80%9C%E1%80%AC%E1%80%B8-%E1%80%80%E1%80%99%E1%80%B9%E1%80%98%E1%80%AC%E1%80%B7%E1%80%81%E1%80%BB%E1%80%94%E1%80%BA%E1%80%95%E1%80%AE%E1%80%9A%E1%80%B6%E1%80%9B%E1%80%BE%E1%80%85%E1%80%BA-%E1%80%95%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%BA%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8-%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1%E1%81%82%E1%80%81%E1%80%AF%E1%81%8A-%E1%80%84%E1%80%BD%E1%80%B1%E1%81%81%E1%80%81%E1%80%AF