spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ်U-17 ဘောလုံး(အမျိုးသား)ပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များ ဆက်လက်ကျင်းပ

၂ဝ၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ်U-17 ဘောလုံး(အမျိုးသား)ပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များ ဆက်လက်ကျင်းပ

 
နေပြည်တော်၊ စက်တင်ဘာ (၃)ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်း၍၂ဝ၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် U-17 ဘောလုံး(အမျိုးသား)ပြိုင်ပွဲများကိုဆက်လက်ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
 
 
ယနေ့ပွဲစဉ်များအဖြစ် ယနေ့နံနက်(၇)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ယှဉ်ပြိုင်ကစားကြရာ တနင်္သာရီတိုင်းဒေသကြီးအသင်းမှ (၅)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း၊ ညနေ(၃)နာရီခွဲအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၁)၌ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ချင်းပြည်နယ်အသင်းတို့ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ (၃)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ ရခိုင်ပြည်နယ်အသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရခိုင်ပြည်နယ်အသင်းမှ (၃)ဂိုး (၂)ဂိုးဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။
 
 
(၄.၉.၂ဝ၁၉)ရက်နေ့တွင် အုပ်စုပွဲစဉ်များအဖြစ် နံနက်(၇)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ မွန်ပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့သည်လည်းကောင်း၊ ညနေ(၃)နာရီခွဲ အချိန်တွင်ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၁)၌ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းတို့သည်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ ကချင်ပြည်နယ်အသင်းနှင့်မန္တလေးတိုင်းဒေသကြီးအသင်းတို့သည်လည်းကောင်း၊ အသီးသီးယှဉ်ပြိုင်ကစားကြမည် ဖြစ်ပါသဖြင့် ဘောလုံးအားကစားနည်းကိုစိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် အခမဲ့လာရောက်ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိပါသည်။

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%89%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BAu-17-%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%80%94%E1%80%B1%E1%80%B7%E1%80%95%E1%80%BD%E1%80%B2%E1%80%85%E1%80%89%E1%80%BA%E1%80%99%E1%80%BB%E1%80%AC%E1%80%B8