spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် U-17ဘောလုံး(အမျိုးသား)ပြိုင်ပွဲအုပ်စုပွဲစဉ်များ ဆက်လက်ကျင်းပ

၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် U-17ဘောလုံး(အမျိုးသား)ပြိုင်ပွဲအုပ်စုပွဲစဉ်များ ဆက်လက်ကျင်းပ

 
နေပြည်တော်၊ စက်တင်ဘာ (၅)ရက်။    
 
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်း၍၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် U-17 ဘောလုံး(အမျိုးသား)ပြိုင်ပွဲများကို ဆက်လက်ကျင်းပပြုလုပ်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်းနှင့်တာ၀န်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
 
 
ယနေ့ပွဲစဉ်များအဖြစ် နံနက်(၇)နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ ကယားပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ယှဉ်ပြိုင်ကစားကြရာ ကယားပြည်နယ်အသင်းမှ (၂)ဂိုး (၁)ဂိုး ဖြင့်လည်းကောင်း၊ ညနေ(၃) နာရီခွဲအချိန်တွင်၀ဏ္ဏသိဒ္ဓိအားကစားကွင်း(၁)၌ ရှမ်းပြည်နယ်အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့ယှဉ်ပြိုင်ကစားကြရာ တစ်ဘက်(၂)ဂိုးစီ သရေရလဒ်ဖြင့်လည်းကောင်း၊ ၀ဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ ချင်းပြည်နယ်အသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကရင်ပြည်နယ်အသင်းမှ (၄)ဂိုး (၂)ဂိုးဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ပါသည်။
 
 
(၆.၉.၂၀၁၉)ရက်နေ့တွင် အုပ်စုပွဲစဉ်များအဖြစ် နံနက်(၇)နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့သည်လည်းကောင်း၊ ညနေ(၃) နာရီခွဲအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားကွင်း(၁)၌ မွန်ပြည်နယ်အသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းတို့သည်လည်းကောင်း၊ ၀ဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ဧရာ၀တီတိုင်းဒေသကြီးအသင်းတို့သည် လည်းကောင်း၊ အသီးသီးယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့်  ဘောလုံးအားကစားနည်း ကိုစိတ်ပါ၀င်စားသော မိဘပြည်သူများအနေဖြင့် အခမဲ့လာရောက်ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%89%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-u-17%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%A1%E1%80%AF%E1%80%95%E1%80%BA%E1%80%85%E1%80%AF%E1%80%95%E1%80%BD%E1%80%B2%E1%80%85%E1%80%89%E1%80%BA%E1%80%99%E1%80%BB%E1%80%AC%E1%80%B8