spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၉ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများ ဆက်လက်ကျင်းပ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် တက်ရောက်ကြည့်ရှုအားပေး

၂ဝ၁၉ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများ ဆက်လက်ကျင်းပ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော်၊စက်တင်ဘာလ (၆)ရက်။

၂ဝ၁၉ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော (အမျိုးသား/ အမျိုးသမီး) ပြိုင်ပွဲများကို ယနေ့နံနက်(၈)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)တွင် ဆက်လက်ယှဉ် ပြိုင်ကစားရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွန်ကြား ရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး တက်ရောက် ကြည့်ရှုအားပေးခဲ့ကြပါသည်။

 

ယနေ့ယှဉ်ပြိုင်ကစားသော အမျိုးသမီးပြိုင်ပွဲ ပွဲစဉ်အဖြစ် ပညာရေးဝန်ကြီးဌာနအသင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနအသင်းမှ (၂၅-၂)မှတ်၊ (၂၅-၅)မှတ်၊ (၂၅-၁ဝ)မှတ်ဖြင့် လည်းကောင်း၊    ဆက်လက်၍ အမျိုးသားပြိုင်ပွဲ ပွဲစဉ်များအဖြစ်  မြန်မာနိုင်ငံတော်ဗဟိုဘဏ်အသင်းနှင့်  နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အသင်းမှ (၂၅-၉) မှတ်၊ (၂၅-၆)မှတ်၊ (၂၅-၁ဝ)မှတ်ဖြင့် လည်းကောငး်၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ပညာရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ  ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ (၂၅-၁၆)မှတ်၊ (၂၆-၁၅) မှတ်၊ (၂၅-၁၆)မှတ်ဖြင့် လည်းကောငး် အသီးသီးအနိုင်ရရှိသွားပါသည်။

 

၂ဝ၁၉ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများကို (၄.၉.၂ဝ၁၉)ရက်နေ့မှ (၁၃.၉.၂ဝ၁၉)ရက်နေ့အထိ နေ့စဉ်နံနက်(၈)နာရီမှစ၍  ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဘော်လီဘော အားကစားနည်းကို စိတ်ပါဝင်စားသော မိဘ ပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိပါသည်။
 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%89%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%B6-%E1%80%98%E1%80%B1%E1%80%AC%E1%80%BA%E1%80%9C%E1%80%AE%E1%80%98%E1%80%B1%E1%80%AC-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8-%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-%E1%80%86%E1%80%80%E1%80%BA%E1%80%9C%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%81%8A