နေပြည်တော်၊စက်တင်ဘာ(၇)ရက်။
၂၀၁၉ခုနှစ်၊ ၀န်ကြီးဌာနပေါင်းစုံဘော်လီဘော(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများကို ယနေ့နံနက်(၈)နာရီအချိန်မှစတင်၍ ၀ဏ္ဏသိဒ္ဓိအားကစားရုံ(B)တွင် ဆက်လက်ယှဉ်ပြိုင်ကစားလျက်ရှိပါသည်။
ယနေ့ယှဉ်ပြိုင်ကစားသော အမျိုးသမီးပွဲစဉ်များအဖြစ် ပြည်ထဲရေး၀န်ကြီးဌာနအသင်းနှင့် ကာကွယ်ရေး၀န်ကြီးဌာနအသင်းတို့ယှဉ်ပြိုင်ကစားကြရာ ပြည်ထဲရေး၀န်ကြီးဌာနအသင်းမှ (၂၀-၂၅)မှတ်၊ (၂၅-၁၅)မှတ်၊ (၂၅-၁၇)မှတ်၊ (၂၅-၁၉)မှတ်ဖြင့်လည်းကောင်း၊
ဆက်လက်၍ အမျိုးသားပွဲစဉ်များအဖြစ် ပြည်ထဲရေး၀န်ကြီးဌာနအသင်းနှင့် နယ်စပ်ရေးရာ၀န်ကြီးဌာနအသင်းတို့ယှဉ်ပြိုင်ကစားကြရာ ပြည်ထဲရေး၀န်ကြီးဌာနအသင်းမှ (၂၅-၃)မှတ်၊ (၂၅-၅)မှတ်၊ (၂၅-၅)မှတ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အသင်းနှင့် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနအသင်းတို့ယှဉ်ပြိုင်ကစားကြရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အသင်းမှ (၂၅-၁၅)မှတ်၊ (၂၅-၂၃)မှတ်၊ (၂၇-၂၉)မှတ်၊ (၂၅-၂၁)မှတ်ဖြင့်လည်းကောင်း၊ ပညာရေး၀န်ကြီးဌာနအသင်းနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေး၀န်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပညာရေး၀န်ကြီးဌာနအသင်းမှ (၂၅-၂၀)မှတ်၊ (၂၅-၉)မှတ်၊ (၂၅-၉)မှတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။

၂၀၁၉ခုနှစ်၊ ၀န်ကြီးဌာနပေါင်းစုံဘော်လီဘော(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများကို (၈.၉.၂၀၁၉)ရက်နေ့တွင်ရပ်နားမည်ဖြစ်ပြီး (၉.၉.၂၀၁၉)ရက်နေ့ နံနက်(၈)နာရီအချိန်မှစတင်၍ (အမျိုးသမီး)ဆီမီးဖိုင်နယ် ပွဲစဉ်များအဖြစ် ပြည်ထဲရေး၀န်ကြီးဌာနအသင်းနှင့် ပညာရေး၀န်ကြီးဌာနအသင်းတို့သည်လည်းကောင်း၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနအသင်းနှင့် ကာကွယ်ရေး၀န်ကြီးဌာနအသင်းတို့သည်လည်းကောင်း၊ (အမျိုးသား) ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် ပြည်ထဲရေး၀န်ကြီးဌာနအသင်းနှင့် ပညာရေး၀န်ကြီးဌာနအသင်းတို့သည်လည်းကောင်း၊ ကာကွယ်ရေး၀န်ကြီးဌာနအသင်းနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ဘော်လီဘောအားကစား နည်းကို စိတ်ပါ၀င်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့လာရောက်ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိပါသည်။