spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၉ခုနှစ်၊ ၀န်ကြီးဌာနပေါင်းစုံဘော်လီဘော(အမျိုးသား/အမျိုးသမီး) ဆီမီးဖိုင်နယ်ပွဲစဉ်များ ဆက်လက်ကျင်းပ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် တက်ရောက်ကြည့်ရှုအားပေး

၂၀၁၉ခုနှစ်၊ ၀န်ကြီးဌာနပေါင်းစုံဘော်လီဘော(အမျိုးသား/အမျိုးသမီး) ဆီမီးဖိုင်နယ်ပွဲစဉ်များ ဆက်လက်ကျင်းပ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် တက်ရောက်ကြည့်ရှုအားပေး

 
နေပြည်တော်၊စက်တင်ဘာ(၉)ရက်။
 
၂၀၁၉ခုနှစ်၊ ၀န်ကြီးဌာနပေါင်းစုံဘော်လီဘော(အမျိုးသား/အမျိုးသမီး) ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့နံနက်(၈)နာရီအချိန်မှစတင်၍ ၀ဏ္ဏသိဒ္ဓိအားကစားရုံ(B) တွင် ဆက်လက်ယှဉ်ပြိုင်ကစားလျက်ရှိပါသည်။
 
ယနေ့ယှဉ်ပြိုင်ကစားသော (အမျိုးသမီး)ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် ပြည်ထဲရေး၀န်ကြီးဌာနအသင်းနှင့် ပညာရေး၀န်ကြီးဌာနအသင်းတို့ယှဉ်ပြိုင်ကစားကြရာ ပြည်ထဲရေး၀န်ကြီးဌာနအသင်းမှ (၂၅-၆)မှတ်၊ (၂၅-၅)မှတ်၊ (၂၅-၁၆)မှတ်ဖြင့်လည်းကောင်း၊  ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနအသင်းနှင့် ကာကွယ်ရေး၀န်ကြီးဌာနအသင်းတို့ယှဉ်ပြိုင်ကစားကြရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနအသင်းမှ (၂၅-၂၂)မှတ်၊ (၂၅-၂၃)မှတ်၊ (၂၃-၂၅)မှတ်၊ (၁၈-၂၅)မှတ်၊ (၁၅-၁၁)မှတ်ဖြင့်လည်းကောင်း၊ 
 
 
 
ဆက်လက်၍ (အမျိုးသား) ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် ပြည်ထဲရေး၀န်ကြီးဌာနအသင်းနှင့် ပညာရေး၀န်ကြီးဌာနအသင်းတို့ယှဉ်ပြိုင်ကစားကြရာ ပြည်ထဲရေး၀န်ကြီးဌာနအသင်းမှ (၂၅-၁၅)မှတ်၊ (၂၅-၇)မှတ်၊ (၂၅-၁၁)မှတ် ဖြင့်လည်းကောင်း၊ ကာကွယ်ရေး၀န်ကြီးဌာနအသင်းနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အသင်းတို့ယှဉ်ပြိုင်ကစားကြရာ ကာကွယ်ရေး၀န်ကြီးဌာနအသင်းမှ (၂၅-၂၂)မှတ်၊ (၂၅-၁၄)မှတ်၊ (၂၅-၂၀)မှတ် ဖြင့်လည်းကောင်း၊ အသီးသီးအနိုင်ရရှိသွားပါသည်။
 
အဆိုပါ (အမျိုးသား/အမျိုးသမီး)ဆီမီးဖိုင်နယ်ပွဲစဉ်များအား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်းနှင့်တာ၀န်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြပါသည်။ 
 
၂၀၁၉ခုနှစ်၊ ၀န်ကြီးဌာနပေါင်းစုံဘော်လီဘော(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများကို (၁၀.၉.၂၀၁၉)ရက်နေ့တွင်ရပ်နားမည်ဖြစ်ပြီး (၁၁.၉.၂၀၁၉)ရက်နေ့ နံနက်(၈)နာရီအချိန်မှစတင်၍ (အမျိုးသမီး)တတိယလုပွဲ ပွဲစဉ်အဖြစ် ကာကွယ်ရေး၀န်ကြီးဌာနအသင်းနှင့် ပညာရေး၀န်ကြီးဌာနအသင်းတို့သည်လည်းကောင်း၊ (အမျိုးသား)တတိယလုပွဲ ပွဲစဉ်အဖြစ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အသင်းနှင့် ပညာရေး၀န်ကြီးဌာနအသင်းတို့သည်လည်းကောင်း ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ဘော်လီဘောအားကစားနည်းကို စိတ်ပါ၀င်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%89%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%81%80%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%B6%E1%80%98%E1%80%B1%E1%80%AC%E1%80%BA%E1%80%9C%E1%80%AE%E1%80%98%E1%80%B1%E1%80%AC%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8-%E1%80%86%E1%80%AE%E1%80%99%E1%80%AE%E1%80%B8%E1%80%96%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%85%E1%80%89%E1%80%BA%E1%80%99%E1%80%BB%E1%80%AC%E1%80%B8