ရန်ကုန်၊ စက်တင်ဘာလ (၁၁) ရက်။
ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်မှ ကြီးမှူး၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနနှင့် မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပပြီး မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ဒုတိယနေ့ Myamar International Series 2019 ကြက်တောင်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ပိုင်နှင့် အမှုဆောင်များတို့သည် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်၊ အမှတ် ၃၂၀-၃၃၂၊ အနော်ရထားလမ်းရှိ အမျိုးသားကြက်တောင်အားကစားခန်းမတွင် ပြုလုပ်သော Myamar International Series 2019 ကြက်တောင်ပြိုင်ပွဲကို တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ အမျိုးသား (၂) ယောက်တွဲ ပြိုင်ပွဲအပြီးတွင် ထိုင်းနိုင်ငံမှ Panu Rakmesi Krit နှင့် Tantianankul တို့က မြန်မာနိုင်ငံမှ ထူးအောင်မျိုးနှင့် ဖုန်းပြည့်နိုင်တို့အား (၂၁-၁၇)မှတ် (၂၁-၁၅)မှတ် ၊ မလေးရှာနိုင်ငံမှ Chun Hann Lo နှင့် Chun Hoong Lo တို့က မြန်မာနိုင်ငံမှ ဇော်လင်းထူးနှင့် သူရိန်တို့အား(၂၁-၁၉)မှတ်(၁၆-၂၁)မှတ်(၂၁-၁၃)မှတ်၊ အိန္ဒိယနိုင်ငံမှ Utkarsh Arora နှင့် Shivam Sharma တို့က မြန်မာနိုင်ငံမှ ချမ်း၀င်းဦးနှင့် ဟိန်းစည်သူတိုး တို့အား (၂၁-၁၁)မှတ်(၂၁-၁၄)မှတ်၊ အမျိုးသားတစ်ဦးချင်ပြိုင်ပွဲတွင် အိန္ဒိယနိုင်ငံမှ Tasya Farahnailah က မြန်မာနိုင်ငံမှ ဇော်မျိုးသက်အား (၂၃-၂၁)မှတ်(၂၁-၁၁)မှတ်၊ အမျိုးသမီးတစ်ဦးချင် ပြိုင်ပွဲ တွင် အိန္ဒိယနိုင်ငံမှ Dapasha Joshi က ခိုင်သဉ္ဇာအား (၂၁-၁၁)မှတ်(၂၁-၁၀)မှတ်၊ အမျိုးသားတစ်ဦးချင်ပြိုင်ပွဲတွင် အိန္ဒိယနိုင်ငံမှKrishna Adi Nugraha က မြန်မာနိုင်ငံမှ ဇော်လင်းထူးအား ( ၂၁-၁၀ )မှတ်( ၂၁-၁၅ ) မှတ်ဖြင့် အသီးသီးအနိုင်ရရှိသွားခဲ့ကြသည်။
စက်တင်ဘာ ၁၂ ရက်နေ့တွင် ပြိုင်ပွဲအား နံနက် ၁၀ နာရီမှ စတင်ကျင်းပသွားမှာဖြစ်ပြီး ပြိုင်ပွဲသို့ မည်သူမဆို အခမဲ့၀င်ရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သတင်းရရှိပါသည်။