spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၉ခုနှစ်၊ ၀န်ကြီးဌာနပေါင်းစုံဘော်လီဘော(အမျိုးသမီး) ဗိုလ်လုပွဲ ပွဲစဉ်တွင် ပြည်ထဲရေး၀န်ကြီးဌာနအသင်း အနိုင်ရဗိုလ်စွဲ

၂၀၁၉ခုနှစ်၊ ၀န်ကြီးဌာနပေါင်းစုံဘော်လီဘော(အမျိုးသမီး) ဗိုလ်လုပွဲ ပွဲစဉ်တွင် ပြည်ထဲရေး၀န်ကြီးဌာနအသင်း အနိုင်ရဗိုလ်စွဲ

 
နေပြည်တော်၊စက်တင်ဘာ(၁၂)ရက်။    
 
၂၀၁၉ခုနှစ်၊ ၀န်ကြီးဌာနပေါင်းစုံဘော်လီဘော(အမျိုးသမီး) ဗိုလ်လုပွဲ ပွဲစဉ်ကို ယနေ့နံနက်(၈)နာရီခွဲအချိန်မှစတင်၍ ၀ဏ္ဏသိဒ္ဓိအားကစားရုံ(B)တွင် ဆက်လက်ယှဉ်ပြိုင်ကစားလျက်ရှိပါသည်။
 
ယနေ့ယှဉ်ပြိုင်ကစားသော (အမျိုးသမီး)ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ပြည်ထဲရေး၀န်ကြီးဌာနအသင်းနှင့် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနအသင်းတို့ယှဉ်ပြိုင်ကစားကြရာ ပြည်ထဲရေး၀န်ကြီးဌာနအသင်းမှ (၂၄-၂၆)မှတ်၊ (၂၅-၁၉)မှတ်၊ (၂၅-၂၂)မှတ်၊ (၁၈-၂၅)မှတ်၊ (၁၅-၁၃)မှတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။
 
 
 
အဆိုပါ ပြိုင်ပွဲသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်းနှင့်တာ၀န်ရှိသူများ၊ ပြည်ထဲရေး၀န်ကြီးဌာနမှတာ၀န်ရှိသူများ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်မှတာ၀န်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။
 
(၁၃.၉.၂၀၁၉)ရက်နေ့ နံနက်(၈)နာရီခွဲအချိန်မှစတင်၍ (အမျိုးသား)ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ပြည်ထဲရေး၀န်ကြီးဌာနအသင်းနှင့် ကာကွယ်ရေး၀န်ကြီးဌာနအသင်းတို့သည်လည်းကောင်း ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ပြိုင်ပွဲအပြီးဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်မည်ဖြစ်ရာ ဘော်လီဘောအားကစားနည်းကို စိတ်ပါ၀င်စားသောမိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%89%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%81%80%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%B6%E1%80%98%E1%80%B1%E1%80%AC%E1%80%BA%E1%80%9C%E1%80%AE%E1%80%98%E1%80%B1%E1%80%AC%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8-%E1%80%97%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA%E1%80%9C%E1%80%AF%E1%80%95%E1%80%BD%E1%80%B2-%E1%80%95%E1%80%BD%E1%80%B2%E1%80%85%E1%80%89%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA